KIA တပ်မတော်အား ထိုးစစ်ဆင်ခြင်း၊ စခန်းသိမ်းတိုက်ပွဲ
မပြုလုပ်ရန်ဟု သမ္မတဦးသိန်းစိန် မှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အား
အမိန့်ပေးညွှန်ကြားခဲ့သည့်မှာ ဒီဇင်ဘာလ(၁၁)ရက်နေ့တွင် တစ်နှစ်ပြည့်ပြီ
ဖြစ်သည်။
ဦးသိန်းစိန်သည် သူ၏အမိန့်ညွှန်ကြားချက်အတိုင်း စစ်ကမ်းပြည့်ဝသည့်၊ အမိန့်ကို တသွေမသိမ်းနာခံသည့် မြန်မာ့တပ်မတော်သည် KIA အား ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ပါကြောင်း နိုင်ငံတကာခေါင်းဆောင်များကို လိမ်ညာပြောဆိုလျက်ရှိသည်။
သို့သော် ဦးသိန်းစိန်၏ အမိန့်ထုတ်ပြန်သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့အထိ မြန်မာ့တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားသောတိုက်ပွဲပေါင်းမှာ (၁၃၅၀)ကြိမ် ရှိသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment