ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း
စစ်ဆင်ရေးလှုပ်ရှားနေသော ခလရ(၆၈) (၂၄၀)တပ်ဖွဲ့များသည် ဂါလိုင်(Ga
Leng)ကျေးရွာသူ၊ ရွာသားများအား ရိုက်နှက်၊ နှိပ်စက်၊ ဖမ်းဆီး၊
ခြိမ်ခြောက်ခြင်း အမျိုးမျိုးပြုမူနေ သောကြောင့် နမ်ဘား(Nam Ba)၊
မုန်နမ်(Mung Nam) ခူးနောင်(Hku Nawng)၊ ဖေါင်းဒုန် (Hpawng Dung)
ခန်နောင်ပါ(Hkan Nawng Pa) မန်န(Man Na) နန်မ(Nang Ma)ကျေးရွာမှ
ရွာသူရွာသားများသည် ကွတ်ခိုင် မြို့သို့ လုံခြုံရေးအရ
ရှောင်တိမ်းရောက်ရှိလာကြောင်း သိရှိရသည်။ ယခုအချိန်အထိ ကွတ်ခိုင်မြို့ရှိ
ခရစ်ယာန် ဘုရားရှိခိုးကျောင်းသို့ ရောက်ရှိလာသော မြန်မာ့တပ်မတော်အား
ကြောက်ရွံ့၍ ထွက်ပြေးလာသူ ဒုက္ခသည် ပေါင်း(၅၀၀)ခန့် ရှိနေပြီဖြစ်ကြောင်း
သိရှိရသည်။
Thursday, December 27, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment