- သူ့အကြောင်းအမှန် ပြောပါရစေ။
- ၁၉ ရက်က လဂျားယန်စစ်ရေး အကွက်ချ၊ စစ်ရေးကစားဖို့ သူခဏဇိုက်လုပ်တာဗျ။
- ထိုနေ့က နမ်ဆန်ယန်မှာ ရဟတ်ယာဉ်နဲ့ အကြိမ်ကြိမ် ကျည်ဆံနဲ့ရိက္ခာပို့ဆောင်သိုလှောင်ခဲ့တယ်။
- သူ့ရဲ့ အကြံအစည်က ၊ ဒီဘက်မှာ စခန်းသိမ်းတာ အနည်းငယ် နောက်ကျပေမဲ့ ၊
၁၉-၂၀ အစည်းအဝေးမှာ၊ အပိုင်တွက်ပြီး ရဲရဲတင်းတင်း “အပစ်အခတ် ထိုးစစ်ရပ်ပြီ”
လို့၊ မျက်နှာပြောင်နဲ့ ကြိုတင် ကြေငြာထားခဲ့တယ်။
- ဒါကြောင့် သူ့အပြောနဲ့အလုပ် ညီအောင်၊ သူ့အကြံအစည်က ၂၄ နာရီအတွင်း၊
လိုင်ဇာ၊ ပန်ဝါ၊ ဖါးကန့် ဤ ၃ဒေသကို မရ ရတဲ့နည်းနဲ့ လူအင်အား၊ လက်နက်အင်အား၊
ငွေအင်အားကြီးမားစွာ အရှုံးခံပြီးတော့၊ ရဲရင့်ပြတ်သားစွာ ထပ်ပြီးကြေငြာ
အုံးမယ်ပေါ့။
- ၂၀ ရက်နေ့က ရန်ကုန်မှာ စည်းဝေးနေစဉ် ခယာဘက်မှာ အပြင်းအထန်ထိုး စစ်ဆင်နေခဲ့တယ်။
- သူအဲဒီလို ခိုးဖှိုက်နေတာ ဘယ်သူမှ မသိဘူးထင်နေခဲ့တယ်ထင်ပါရဲ့။
- ဘယ်သူဘာပြောပြော ၊ ငါလုပ်ချင်တာ လုပ်လို့ရရင် ပြီးရော သဘောဆောင်နေတဲ့သူပါ။
- ကမ္ဘာကို မခန့်လေးစား ၊ လိမ်လည်လှည့်ဖျား ၊ မကောင်းဆိုးဝါး အကြံအစည်ရှိသူ အမှန်ပါ။
- ပြီးတော့ သူမကောင်းလုပ်တာ အကုန် KIO/KIA ကို ပုံချတော့တာဘဲ။
- အဲ - တခုတော့ကျန်လေရဲ့ ။ “မဟာ မုဒိမ်းမှုကြီး” လေ။ ဒါနဲ့ ပတ်သက်ပြီး
တိတ်တိတ် နေပုံထောက်တော့ ၊ ဝန်ခံတဲ့ သဘောရှိပါတယ်။ ဒါလေးတော့ဝန်ခံရှာသားဘဲ။
- နောက်ပိတ်ပြောချင်တာက ၊ သူ ကချင်ကို အကြံကုန် ဥာဏ်ကုန်၊
အိတ်သွန်ဖါမှောက် စိတ်ကြိုက် အပျက်သဘော နည်းတွေသုံးပြီး အနိုင်ရစေ အုံးတော့
၊ တဖက်မှာ များစွာသူ ဆုံးရှုံးပြီးနေပြီ၊ ဘာအမြတ်မှ မရတဲ့အပြင်၊ KIO ဆိုတာ
ပိုပြီးတောင် ပွားပေအုံးတော့မယ်လို့ကမ္ဘာကပြော စမှတ်ပြု ကြပါ တော့ မယ်။
- ရှေ့ဖြစ်မယ့် သူ့အနာဂါတ်ကို မြင်ယောင်နေမိပါတယ်လေ။
မနောမြေ - စိန်
(by JP kasa)
No comments:
Post a Comment