ရှေးသရောအခါ ၊ ဤကမ္ဘာဝယ်
ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ခဲ့တယ်။
အရှေ့ တောင်အာရှ စစ်မျက်နှာ
ဖက်ဆစ်ဂျပန် လွှမ်းမိုးလှာ။
ရိုးရိုး စစ်မတိုက်ဘဲနဲ့
လူမဆန်မှုတွေ လွန်ကဲခဲ့။
မဆီမဆိုင် လူတွေကို
ရက်ရက်စက်စက် သတ်ပစ်သူ။
နှမချင်း မစာမနာ
မုဒိမ်းမှုတွေ ပြုခဲ့တာ။
ရွာအိမ်မြေယာ ဖျက်ဆီးခဲ့
တွေ့ရာမြင်ရာ မီးရှို့သတဲ့။
သောင်းကျန်းခဲ့တာ နှစ်ယောက်မရှိ
ဂျပန်လွန်တာ ကမ္ဘာကသိ။
နည်းပေါင်းစုံနဲ့တားမရ
အနုမြူဗုံးနဲ့ သုံးတော့မှ
ဟီရိုရှီးမားပြာ ကျကာ
ကမ္ဘာစစ်ကြီးချုပ် ငြိမ်းတာ။
အခုလည်းဘဲ ထိုနည်းလည်းကောင်း
နေပြည်တော် နိမိတ်မကောင်း
ရက်စက်ရာမှာ လွန်လွန်းသူ
“ရပ်ပါ” ပြောတာ အရေးမယူ
ကချင်ကို မျိုးပြုတ် စစ်ဆင်ရေး
ကြွေးကြော်နေတာ တကဲကဲ
မကြာမီ အနုမြူ ဗုံးလာမယ်
နေပြည်တော် ကျန်းမာပါစေ။
မနောမြေ - စိန်
ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ခဲ့တယ်။
အရှေ့ တောင်အာရှ စစ်မျက်နှာ
ဖက်ဆစ်ဂျပန် လွှမ်းမိုးလှာ။
ရိုးရိုး စစ်မတိုက်ဘဲနဲ့
လူမဆန်မှုတွေ လွန်ကဲခဲ့။
မဆီမဆိုင် လူတွေကို
ရက်ရက်စက်စက် သတ်ပစ်သူ။
နှမချင်း မစာမနာ
မုဒိမ်းမှုတွေ ပြုခဲ့တာ။
ရွာအိမ်မြေယာ ဖျက်ဆီးခဲ့
တွေ့ရာမြင်ရာ မီးရှို့သတဲ့။
သောင်းကျန်းခဲ့တာ နှစ်ယောက်မရှိ
ဂျပန်လွန်တာ ကမ္ဘာကသိ။
နည်းပေါင်းစုံနဲ့တားမရ
အနုမြူဗုံးနဲ့ သုံးတော့မှ
ဟီရိုရှီးမားပြာ ကျကာ
ကမ္ဘာစစ်ကြီးချုပ် ငြိမ်းတာ။
အခုလည်းဘဲ ထိုနည်းလည်းကောင်း
နေပြည်တော် နိမိတ်မကောင်း
ရက်စက်ရာမှာ လွန်လွန်းသူ
“ရပ်ပါ” ပြောတာ အရေးမယူ
ကချင်ကို မျိုးပြုတ် စစ်ဆင်ရေး
ကြွေးကြော်နေတာ တကဲကဲ
မကြာမီ အနုမြူ ဗုံးလာမယ်
နေပြည်တော် ကျန်းမာပါစေ။
မနောမြေ - စိန်
No comments:
Post a Comment