by myitkyina.blog.com
- ခလရ(၇၄)တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးဝေလင်း ဦးစီးသော စစ်ကြောင်းသည် ချီဖွေမြို့နယ် မန်ဒေါင်ဒေသတ၀ိုက် စစ်ဆင်ရေးပြုလုပ်နေကြောင်း သိရှိရသည်။
- ခလရ(၇၇) မှ ဗိုလ်မှူးကျော်ဇေယျာမြင့် ဦးစီးသော အင်အား(၁၀၀)ခန့်ရှိ စစ်ကြောင်းသည် ချီဖွေမြို့နယ်၊ နယ်ခြားမှတ်တိုင်(၆) ဒေသတ၀ိုက် စစ်ဆင်ရေးပြုလုပ်နေကြောင်း သိရှိရသည်။
- ဇူလိုင်(၁၁)ရက်နေ့တွင် စစ်သုံးယာဉ်ကြီး(၇)စီးဖြင့် အစိုးရတပ်ဖွဲ့ဝင်များ မြစ်ကြီးနားမြို့မှ ရွှေညောင်ပင် ခလရ(၃၂၁)တပ်စခန်းသို့ အင်အားဖြည့်တင်းခဲ့ကြောင်း သိရှိရသည်။
- ဇူလိုင်(၁၁)ရက်နေ့တွင် ဗန်းမော်မြို့မှ ဒေါ့ဖုန်းယန်မြို့ရှိ ခလရ(၁၄၂)တပ်ရင်းသို့ လက်နက်ကြီး အမြောက်ဆံများကို ရဟတ်ယာဉ်ဖြင့် (၂)ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
- ဇူလိုင်(၁၁)ရက်နေ့တွင် ဗန်းမော်မြို့မှ ချီတက်သော အစိုးရစစ်တပ် တပ်ဖွဲ့ဝင်အင်အား(၈၀)ခန့် သည် မိုးမောက်မြို့နယ်၊ ဘွမ်ဆေန်(ထုံးဖို)စခန်းသို့ အင်အားဖြည့်တင်းခဲ့ကြောင်း သိရှိရသည်။
- ဇူလိုင်(၁၂)ရက်နေ့တွင် မိုးမောက်မြို့နယ်၊ စိန်လုံတောင်မှ တပ်မ(၈၈)လက်အောက်ခံ တပ်ဖွဲ့ အင်အား(၂၀၀)ခန့်သည် ဗန်းမော်မြို့သို့ ရောက်ရှိပြီး စစ်ဆင်ရေးအတွက် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။
- ဇူလိုင်(၁၂)ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့နယ် ခေါက်ဂျန်၊ မန်ပန်၊ တာပဒေါင်း ဒေသတ၀ိုက် ခမရ(၃၄၈) တပ်ဖွဲ့အင်အား(၈၀)ခန့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေကြောင်း သိရှိရသည်။
- ဇူလိုင်(၁၂)ရက်နေ့တွင် ဗန်းမော် အခြေစိုက် စကခ(၂၁)မှ အင်အား(၅၀)ခန့်သည်၊ ဘွမ်ဆောန်ဘွမ် စခန်းရှိ ခမရ(၃၈၇)သို့ အင်အားဖြည့်တင်းခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment