ချစ်တဲ့သူရယ်- နိုင်ငံရေးမဆွေးနွေးဖြစ်တာ၊
ရက်ပေါင်းတွေအတော်ကြာ၊
လေလှိုင်းနဲ့ပြောကြမယ်၊
ဝေးလျက်နဲ့အနီးလေးရယ်။
KIO အလိုရှိတာ - သိသမျှပြောပြပါလားကွာ။
အို! ချစ်တဲ့သူရယ်- KIO တကယ့်စစ်မှန်၊
အခိုင်အမာနဲ့အာမခံ၊
ငြိမ်းချမ်းရေးအစစ်အလိုရှိ။
စစ်စိုးရနဲ့ KIO၊
ပစ်ခတ်ရပ်စဲခဲ့တယ်နော်။
နိုင်ငံရေးပြဿနာဖြေရှင်းမယ်၊
စိုးရဘက်ကမလိုလားတယ်။
အချိန်ကိုရသမျှဆွဲလို့ထား၊
နိုင်ငံရေးဆွေးနွေးဖို့မအား။
ချစ်သူရယ်- KIO ငြိမ်းချမ်းရေးလိုအင်ဆန္ဒ၊
၁၉၉၂ အောက်တိုဘာလ၊
ပစ်ခတ်ရပ်တာ KIO စ။
နဝတနဲ့ KIO ကြား၊
ငြိမ်းချမ်းရေးဖြေရှင်းရန်ထား၊
၁၉၉၄-ဖေဖေါ်ရီနှစ်ဆယ့်လေး၊
သဘောတူထားပြီမဟုတ်လား?
အို! ချစ်တဲ့သူရယ်- နဝတခေါင်းဆောင်များ၊
KIO ကိုပြောစကား၊
“အစိုးရသစ်ပေါ်ပေါက်လာ၊
နိုင်ငံရေးဆွေးနွေးဖို့ရာ၊
Consititution အရင်ရေးမယ်၊
ခုတော့ဒေသဖွံ့ဖြိုးရေး……………...
ဝိုင်းဝန်းကြိုးစားပါစို့လေး……….. တဲ
ချစ်သူရယ်- ၁၇နှစ်ကြာKIO စောင့်၊
ပြည်သူ့အစိုးရပေါ်ပေါက်၊
ကတိသစ္စာမရှိတဲ့အမျိုး၊
KIO ကိုကတိတွေချိုး။
နိုင်ငံရေးဆွေးနွေးကြရန်၊
သူတို့စိတ်ရင်းကမမှန်၊
KIO တင်ပြချက်၊
စိုးစင်းမျှမတွေးရက်-ဖြစ်ခဲ့ကြတယ်လေ။
ချစ်တဲ့သူရယ်- တွေးမိတိုင်းစိတ်နာဖွယ်၊
ပစ်ခတ်ရပ်တဲ့ ၁၇- နှစ်ကွယ်၊
KIO စိတ်တွေဆင်းရဲ၊
စိုးရကဒုက္ခပေး။
KIO လက်နက်ချပါစေ၊
နည်းမျိုးနဲ့နှိပ်စက်တယ်။
ပြန်လည်ပစ်ခတ်ဖို့ရန်စ၊
KIO သည်းခံခဲ့ရ။
အို! ချစ်သူရယ်- ဆက်ပြီးတော့ပြောရအုံးမယ်၊
KIO ရဲ့ကြမ္မာရယ် -
BGF လက်ခံစေ- KIO ကိုကျွန်ဖြစ်စေ၊
အတင်းအကြပ်လုပ်ဆောင်ခဲ့ကြလေရဲ့ကွယ်။
ချစ်သူရယ်- နိုင်ငံရေးလှုပ်ရှားမှု၊
ကချင်ကိုအကြမ်းပြု၊
အစိုးရသစ်နဲ့စိတ်ဝမ်းကွဲစေ၊
နည်းပေါင်းစုံနဲ့ကြံဖန်တယ်။
၂၀၁၀ စက်တင်ဘာ၊
ဆက်သွယ်ရေးတွေဖြတ်တောက်ကာ၊
ပထုတ်ပစ်တာမဟုတ်လား?
မနောမြေ-စိန်
၂၂.၆.၂၀၁၂
ရက်ပေါင်းတွေအတော်ကြာ၊
လေလှိုင်းနဲ့ပြောကြမယ်၊
ဝေးလျက်နဲ့အနီးလေးရယ်။
KIO အလိုရှိတာ - သိသမျှပြောပြပါလားကွာ။
အို! ချစ်တဲ့သူရယ်- KIO တကယ့်စစ်မှန်၊
အခိုင်အမာနဲ့အာမခံ၊
ငြိမ်းချမ်းရေးအစစ်အလိုရှိ။
စစ်စိုးရနဲ့ KIO၊
ပစ်ခတ်ရပ်စဲခဲ့တယ်နော်။
နိုင်ငံရေးပြဿနာဖြေရှင်းမယ်၊
စိုးရဘက်ကမလိုလားတယ်။
အချိန်ကိုရသမျှဆွဲလို့ထား၊
နိုင်ငံရေးဆွေးနွေးဖို့မအား။
ချစ်သူရယ်- KIO ငြိမ်းချမ်းရေးလိုအင်ဆန္ဒ၊
၁၉၉၂ အောက်တိုဘာလ၊
ပစ်ခတ်ရပ်တာ KIO စ။
နဝတနဲ့ KIO ကြား၊
ငြိမ်းချမ်းရေးဖြေရှင်းရန်ထား၊
၁၉၉၄-ဖေဖေါ်ရီနှစ်ဆယ့်လေး၊
သဘောတူထားပြီမဟုတ်လား?
အို! ချစ်တဲ့သူရယ်- နဝတခေါင်းဆောင်များ၊
KIO ကိုပြောစကား၊
“အစိုးရသစ်ပေါ်ပေါက်လာ၊
နိုင်ငံရေးဆွေးနွေးဖို့ရာ၊
Consititution အရင်ရေးမယ်၊
ခုတော့ဒေသဖွံ့ဖြိုးရေး……………...
ဝိုင်းဝန်းကြိုးစားပါစို့လေး……….. တဲ
ချစ်သူရယ်- ၁၇နှစ်ကြာKIO စောင့်၊
ပြည်သူ့အစိုးရပေါ်ပေါက်၊
ကတိသစ္စာမရှိတဲ့အမျိုး၊
KIO ကိုကတိတွေချိုး။
နိုင်ငံရေးဆွေးနွေးကြရန်၊
သူတို့စိတ်ရင်းကမမှန်၊
KIO တင်ပြချက်၊
စိုးစင်းမျှမတွေးရက်-ဖြစ်ခဲ့ကြတယ်လေ။
ချစ်တဲ့သူရယ်- တွေးမိတိုင်းစိတ်နာဖွယ်၊
ပစ်ခတ်ရပ်တဲ့ ၁၇- နှစ်ကွယ်၊
KIO စိတ်တွေဆင်းရဲ၊
စိုးရကဒုက္ခပေး။
KIO လက်နက်ချပါစေ၊
နည်းမျိုးနဲ့နှိပ်စက်တယ်။
ပြန်လည်ပစ်ခတ်ဖို့ရန်စ၊
KIO သည်းခံခဲ့ရ။
အို! ချစ်သူရယ်- ဆက်ပြီးတော့ပြောရအုံးမယ်၊
KIO ရဲ့ကြမ္မာရယ် -
BGF လက်ခံစေ- KIO ကိုကျွန်ဖြစ်စေ၊
အတင်းအကြပ်လုပ်ဆောင်ခဲ့ကြလေရဲ့ကွယ်။
ချစ်သူရယ်- နိုင်ငံရေးလှုပ်ရှားမှု၊
ကချင်ကိုအကြမ်းပြု၊
အစိုးရသစ်နဲ့စိတ်ဝမ်းကွဲစေ၊
နည်းပေါင်းစုံနဲ့ကြံဖန်တယ်။
၂၀၁၀ စက်တင်ဘာ၊
ဆက်သွယ်ရေးတွေဖြတ်တောက်ကာ၊
ပထုတ်ပစ်တာမဟုတ်လား?
မနောမြေ-စိန်
၂၂.၆.၂၀၁၂
(by;jinghpawkasa)
No comments:
Post a Comment