by myitkyina.blog
ဒီဇင်ဘာလ(၂၀)ရက်နေ့တွင် မိုးမောက်မြို့နယ်၊ စိန်လုံကဘာဒေသ
တိန်ရောင်တောင် (Ting Rawng Bum) တွင်အခြေပြုထားသော အမှတ်(၃၇၀)
အမြောက်တပ်ရင်းမှ တပ်သား အေးချမ်း သည် KIA တပ်ဖွဲ့သို့
အလင်းဝင်ရောက်လာခဲ့သည်။ တပ်သား အေးချမ်း ၏အရာရှိ ဗိုလ်ကြီးဟိန်းမင်းဟန် ၏
ရက်စက်ညှင်းပမ်းမှု၊ အနိုင်ထက်ကျင့်မှုကို မခံရပ်နိုင် တော့သဖြင့် အထက်အရာရှိ
ဗိုလ်ကြီးကို ဓါးဖြင့်ခုတ်ပြီး တပ်စခန်းမှထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
မြန်မာအစိုးရရှေ့တန်းစခန်းတိုင်းတွင် အရာရှိအဆင့်ဆင့်က
လက်အောက်ငယ်သားများကို အနိုင်ကျင့်၊ ဆဲဆို၊ ရိုက်နှက်၊
ကျွန်သဖွယ်ခိုင်းစေခြင်း၊ နှမအမိထိ ဆဲဆိုပြောဆိုခြင်း များကြောင့် အကြပ်၊
တပ်သားများသည် စိတ်ပင်ပန်းကာ ထွက်ပြေးမှုများ၊ အထက်အရာရှိများကို
လုပ်ကြံပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိနေသည်။
No comments:
Post a Comment