Pages

Saturday, December 22, 2012

မြစ်ကြီးနားမြို့ပေါ် ပေါ်တာဆွဲ



မြန်မာအစိုးရစစ်တပ်သည် KIA ဌာနချုပ်ကို ထိုးစစ်ဆင်ရာတွင် အသုံးပြုရန်အတွက် မြစ်ကြီးနားမြို့ပေါ်၏ ဆင်ခြေဖုံးရပ်ကွက်များတွင် ပေါ်တာဖမ်းနေကြောင်း သိရှိရသည်။ ကချင်ဒေသခံအနေများသော ဆင်ခြေဖုံး ရပ်ကွက်၊ ကျေးရွာများတွင် ပေါ်တာလိုက်လံဖမ်းဆီးခြင်း ဖြစ်သည်။
ရှေ့တန်းတွင် ပေါ်တာများသည် စစ်လက်နက်ပစ္စည်းများ၊ လက်နက်ကြီးကျည်များကို ထမ်းပေးရကာ စစ်ကြောင်း၏ လူဒိုင်းများအဖြစ် အသုံးပြုလေ့ရှိသည်။ မြန်မာအစိုးရက အတင်းအဓ္ဓမလုပ်အားခေါ်ယူမှု မပြုပါကြောင်း ILO အား ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပြီးဖြစ်သော်လည်း တိုင်းရင်းသားဒေသတွင် အတင်းအဓ္ဓမခိုင်းစေမှုများ၊ တပ်ခြံကာပေးခြင်း၊ သစ် ၀ါး ခုတ်ပေးခြင်း၊ တပ်စခန်းတွင် နွားလှည်း၊ သုံးဘီးများ ချောအဖြစ် နေ့စဉ်အလှည့်ကျတာဝန်ယူပေးရခြင်း ပေါ်တာလိုက်ပေးရခြင်း….စသည် စသည်တို့သည် တိုင်းရင်းသားများ ယနေ့တိုင်ရင်ဆိုင်နေရသော နေ့စဉ်ပုံမှန်လုပ်ငန်းပင် ဖြစ်နေရသေးသည်။

No comments:

Post a Comment