Pages

Thursday, April 26, 2012

မြန်မာအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းဖို့အမေရိကန် မရည်ရွယ်


မြန်မာအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းဖို့အမေရိကန် မရည်ရွယ်

မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူထားတာတွေကို လုံးဝပြန်လည် ရုတ်သိမ်းဖို့ အမေရိကန်အစိုးရမှာ ရည်ရွယ်ချက် မရှိကြောင်း အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kurt Campbell က ပြောလိုက်ပါတယ်။

ဝါရှင်တန် ဒီစီ မြို့မှာ ဧပြီလ ၂၅ ရက်နေ့က ကျင်းပတဲ့ မြန်မာပြည်ဆိုင်ရာ အမေရိကန်မူဝါဒ သုံးသပ်ရေး ကြားနာပွဲမှာ ပြောဆိုခဲ့ တာပါ။

အဲဒီကြားနာပွဲမှာ Mr. Kurt Campbell က - သမ္မတ ဦးသိန်းစိန် ရဲ့ပြုပြင်ပြောင်းလဲမှု တွေအပေါ် မိမိတို့ ကြိုဆိုပေမဲ့ တချို့နေရာတွေမှာ ပိတ်ဆို့ အရေးယူတာကို မရုတ်သိမ်းပါဘူး။ ရိုးရိုးသားသား ပြောရရင်တော့ ပိတ်ဆို့အရေးယူမှုတွေကို လုံးဝရုတ်သိမ်းပေးဖို့အစီအစဉ် မရှိပါဘူးလို့ Mr. Kurt Campbell က ပြောဆိုခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေဟာ အရင်အတိုင်း ပြန်လှည့်သွားတာမျိုး၊ အပြောင်းအလဲတွေ တုံ့ဆိုင်းနေတာမျိုး တွေဖြစ်လာရင် ပိတ်ဆို့ အရေးယူထားတဲ့ အချက်တွေကို မူလအတိုင်း ဆက်ထားရှိဖို့လိုအပ်လာမယ် ဆိုတာ မိမိတို့ ထည့်သွင်းစဉ်းစားထားပြီးဖြစ်ပါတယ် လို့လည်းပြောပါတယ်။

ဒါ့အပြင် မြောက်ပိုင်းကချင်ပြည်နယ်က တိုက်ပွဲတွေမှာ ဒေသခံတွေ အပေါ် မြန်မာစစ်တပ်က လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်နေတဲ့ သတင်းတွေကို ကြားသိနေရကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော် ကို မြန်မာအာဏာပိုင်တွေက ပြီးခဲ့တဲ့အောက်တိုဘာလထဲမှာ လွှတ်ပေးခဲ့ ပေမဲ့ အနည်းဆုံးရာနဲ့ချီပြီးကျန်ရှိနေသေး တယ် လို့လည်း Mr. Campbell က ပြောဆိုပါတယ်။

မြန်မာ့အရေးဆောင်ရွက်နေတဲ့ US Campaign for Burma အဖွဲ့က ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ဒင် က ထွက်ဆိုသွားခဲ့ရာမှာလည်း အမေရိကန်အစိုးရအရာရှိကြီးတွေရဲ့ပျက်ကွက်မှုတွေ ကို ပြောဆိုသွားခဲ့ပါတယ်။

ဝါရင့်ကျောင်းသားခေါင်းဆောင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား အဖွဲ့ ၀င်တွေ နဲ့ တိုင်ပင်နှီးနှောဆွေးနွေး တာမျိုးမလုပ်ဘဲ၊ ရင်းနှီး မြှုပ်နှံမှုနဲ့
ငွေကြေးဆိုင်ရာပိတ်ဆို့အရေးယူမှုတွေ ကို လျော့ပေါ့ပေးလိုက်တဲ့ အချက်ကိုလည်း ထောက်ပြသွားခဲ့ ပါတယ်။

No comments:

Post a Comment