Pages

Thursday, April 26, 2012

ဝင်ငွေအကောင်းဆုံး အသင်းအဖြစ် စပိန်ဘီလူးနှစ်သင်း ဦးဆောင်နေပြီး၊ မန်ယူအသင်းက တတိယနှင့် ဘိုင်ယန်က စတုတ္ထ အဖြစ် အသီးသီးရပ်တည်

၂၀၁၀-၁၁ခုနှစ် ဘောလုံးရာသီအတွင်း ဘောလုံးကလပ်များ၏ ဘဏ္ဍာရေး အကျိုးအမြတ်များကို ဒီလွိုက်တီက စစ်တမ်းကောက်ပြီး ၀င်ငွေအကောင်းဆုံး အသင်းများ ရပ်တည်ချက်များကို ထုတ်ပြန်ပေးသွားခဲ့သည်။

အဆိုပါစစ်တမ်းတွင် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်က ၀င်ငွေအကောင်းဆုံး အသင်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။ ရီးရဲလ်မက်ဒရစ်သည် ယူရို(၄၇၉.၅)သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ပြီး၊ ရှေးနှစ်က ရရှိခဲ့သော (၄၃၈.၆)သန်းထက် (၄၁)သန်း ပိုမိုများလာကြောင်း သိရသည်။ ရီးရဲလ်မက်ဒရစ်သည် ပြည်တွင်း အထွေထွေ အကျိုးအမြတ်နှင့် ရုပ်သံလိုင်းမှ (၃၈%)၊ Marketing မှ (၃၆%)၊ လက်မှတ်ရောင်းချမှုမှ (၂၆%) အသီးသီး ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၀င်ငွေအကောင်းဆုံး ထိပ်သီး(၅)သင်းမှာ အောက်ပါ အတိုင်းဖြစ်သည်။
၂၀၁၀-၁၁ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး ထိပ်သီး(၅)သင်း
(၁) ရီးရဲလ်မက်ဒရစ် ယူရို(၄၇၉.၅)သန်း
(၂) ဘာစီလိုနာ      ယူရို(၄၅၀.၇)သန်း
(၃) မန်ယူ             ယူရို(၃၆၇)သန်း
(၄) ဘိုင်ယန်          ယူရို(၃၂၁.၄)သန်း
(၅) အာဆင်နယ်      ယူရို(၂၅၁.၁)သန်း
Written by : အောင်ဇော်လတ်(မိုးနဲ)    

No comments:

Post a Comment