Social Icons

Wednesday, October 15, 2014

လက်နက်ကြီး ပစ်ခဲ့သည့် လက်သည်အား အစိုးရနှင့် ပူးပေါင်း စုံစမ်း သွားရန် DKBA ဆန္ဒရှိဟုဆို


လူသေဆုံးမှု ရှိခဲ့သည့်ကော့ကရိတ်၊ မြ၀တီ ကားလမ်း ဒေါန တောင်ပေါ်ရှိ အလယ်ဘိုတဲ စခန်း အနီး လက်နက်ကြီး ပစ်ခတ် ခဲ့သူ လက်သည် တရားခံအား အစိုးရ အာဏာပိုင် များမှ စုံစမ်း ဖော်ထုတ် သွားပါက ပူးပေါင်း ဖော်ထုတ် သွားရန် ဆန္ဒ ရှိကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) တပ်ဖွဲ့မှ ကလို့ထူးဘော စစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
 “ဒီကိစ္စကို စုံစမ်း ဖော်ထုတ်ဖို့ ကျတော်တို့ကို လုပ်ပိုင်ခွင့်မှ မပေး ထားတာ။ အစိုးရက စုံစမ်း ဖော်ထုတ်မယ် ဆိုရင်လည်း ကျတော် တို့ကို မိတ်ဆွေလို ဘောထား ရင်တော့ ပါဝင် ပါ့မယ်။ ရန်သူလို သဘော ထားတယ် ဆိုရင်တော့ ဘယ်လို ပူးတွဲ ပါဝင် နိုင်မလဲ” ဟု ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့၊ မနက် ၉ နာရီ မှ ၁၁ နာရီ အချိန် အထိ ကော့ကရိတ် မြို့နယ်တွင် အစိုးရ တပ်နှင့် DKBA တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွား နေကြစဉ် ဒေါန တောင်ပေါ်ရှိ အလယ်ဘိုတဲ စခန်း အနီးသို့ လက်နက်ကြီး ကျခဲ့၍ လူ (၄) ဦး သေဆုံး ခဲ့ရကာ (၁၀) ဦး ထိခိုက် ဒဏ်ရာ ရခဲ့သည်။
အဆိုပါ အလယ်ဘိုတဲ အခန်းအနီး၌ ကျရောက် ခဲ့သည် လက်နက်ကြီး ကျမှုကို အစိုးရ တပ်ဖက်မှ DKBA အဖွဲ့၏ လုပ်ဆောင် ချက်ဟု စွပ်စွဲ ပြောဆို ထားပြီး DKBA တပ်ကမူ ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်း ချက် ထုတ်၍ ပြောကြား ထားသည်။
“အဲလို လက်နက်ကြီး ကျည်ဆံမျိုး ကျတော်တို့ ဆီမှာလည်း မရှိဘူး။ ကျတော်တို့ အဖွဲ့ မဟုတ်ဘူး ဆိုတာ ကျတော်တို့ စစ်ဖြစ် ခဲ့တဲ့ဒေသခံ လူထု တွေကို မေးလို့ ရပါတယ်။ ကျတော်တို့ သက်သေ ပြနိုင် ပါတယ်” ဟု ဗိုလ်မှူးကြီး စောဆန်းအောင်ကပြောသည်။
အဝေးမှ နေ၍ လှမ်းပစ်သည့်လက်နက်ကြီး ကျရောက် ပေါက်ကွဲ မှုကြောင့် လူသေဆုံးမှု၊ ဒဏ်ရာ ရခဲ့မှု ဖြစ်ပွား ရာ နေရာတွင် DKBA တပ်ဖွဲ့ အပြင် အခြား လက်နက်ကိုင် အဖွဲ့ များလည်း အများ အပြား ရှိနေပြီး ထိုလက်နက်ကြီး ပစ်ခတ် ခဲ့သည့် လက်သည် တရားခံအား စုံစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်း ကော့ကရိတ် မြို့နယ် ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ထို့အပြင် ကော့ကရိတ် မြို့မ ရဲစခန်းမှ စခန်းမှူး မြင့်အောင်က အရပ် သားနှင့် ထိခိုက် ဒဏ်ရာရသော လူများကို ဆက်လက် စစ်ဆေး နေဆဲ ဖြစ်ပြီး ထပ်မံ၍ စုံးစမ်း ဖော်ထုတ် သွားမည် ဖြစ်ကြောင်းလည်း အတည်ပြု ပြော ကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့မှ စ၍ အစိုးရ တပ်နှင့် DKBA တပ်တို့အကြား မွန်ပြည်နယ် ကျိုက်မရော မြို့မှ စ၍ နှစ်ဖက် ပစ်ခတ်မှု စတင် ဖြစ်ပွား ခဲ့ကြပြီး ၊ ထိုမှ ဆက်၍ ကြိုကြား ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပေါ် လာခဲ့သည်။
နှစ်ဖက် စစ်ရေး တင်းမာမှု လျော့ချ နိုင်ရေး အတွက် စစ်ဆင်ရေး အထူး အဖွဲ့ - ကစထ (၄) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး မှလည်း မိမိ တပ်အား မိမိ ထိန်းသိမ်းရန် အတွက် DKBA တပ်ဖွဲ့အား စက်တင်ဘာ လနှောင်းပိုင်း၌ သတိပေး ပြောဆို ထားပြီး ဖြစ်သည်။
DKBA နှင့်အစိုးရ တို့သည်ပြီးခဲ့သည့်၂၀၁၁ ခုနှစ်နိုဝင်ဘာ လတွင်ဒုတိယ အကြိမ် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး ထားပြီးအစိုးရနှင့်အပစ်အခတ် ရပ်စဲ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနက် တတိယမြောက်အပစ်အခတ် ရပ်စဲရေးလတ်မှတ် ရေးထိုး ထားသည့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ဖြစ်သည်။

တိုက်ပွဲများထပ်မံဖြစ်မှု ရေကာတာစီမံကိန်းများနှင့် ဆက်စပ်နေဟု သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့ပြော


ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုများမှာ သံလွင်မြစ်ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်သွားမည့် ဟတ်ကြီးရေကာတာစီမံကိန်းနှင့် ဆက်စပ်မှုများရှိနေကြောင်း သံလွင်မြစ်စောင့် ကြည့်ရေးအဖွဲ့(Salween Watch-SW)က အောက်တိုဘာလ ၁၃ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်သည်။
သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့တွင် ပါဝင်သည့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှု ကွန်ယက်(KESAN) ဒါရိုက်တာ စောပေါလ်စိန်ထွားက “တိုက်ပွဲဖြစ်နေတာတွေရဲ့ နောက်ကွယ်မှာ ရေကာတာ စီမံကိန်းတွေနဲ့ ဆက်စပ်တယ်လို့ ယူဆ တယ်။ အဓိကကတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ရင်းနှီးမြုပ်နှံသူတွေက ဒီဒေသမှာရှိတဲ့ လက်ရှိအခြေ အနေနဲ့ နောက်ကွယ်က အခြေအနေတွေကို သိအောင်ပြချင်တဲ့သဘော ဖြစ်ပါ တယ်”ဟု ပြောသည်။

အဆိုပါရေကာတာစီမံကိန်းသည် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၇)၊ တပ်မ ဟာ(၅)နယ်မြေနှင့် ထိစပ်နေကာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) တပ်များလည်း လှုပ်ရှားသွားလာနေသည့်နယ် မြေဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းမှစ၍ ကရင်ပြည်နယ်အတွင်း လှုပ်ရှားနေသော DKBA နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားမှုအပေါ် အခြေခံကာ ယခုလို ပြော ဆိုလိုက်ခြင်းဖြစ်သည်။
KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “အခုဖြစ်နေတာကတော့ ကျနော့်အမြင် စီမံကိန်းတွေနဲ့ မဆိုင်လောက်ပါ ဘူး။ ပြီးတော့ လက်ရှိအခြေအနေထိ သူတို့ဘက်က စီမံကိန်းပြန်စဖို့ ဆက်သွယ်ပြောဆို လုပ်ဆောင်တာမရှိသေးဘူး”ဟု ဆို သည်။
Salween Watch ၏ ထုတ်ပြန်ချက်ထဲတွင် ရေကာတာစီမံကိန်းများသည် ပဋ္ဋိပက္ခနယ်မြေများအတွင်း၌သာ တည်ရှိနေသည်ဟု ပြောဆိုထားပြီး မကြာသေးမှီက တိုက်ပွဲများပြန်လည်ဖြစ်ပွားနေမှုများနှင့် စစ်အင်အားချဲ့ထွင်မှုများကို ပြစ်တင်ရှုတ်ချထားသည် ကို တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ မေလကလည်း အစိုးရတပ်များက အဆိုပါနယ်မြေအတွင်း အခြေချလှုပ်ရှားနေသော DKBA တပ်များကို ဖယ်ရှားပေးရန် ပြောဆိုမှုများရှိခဲ့ပြီး DKBA အနေဖြင့် ဟတ်ကြီးရေကာတာစီမံ ကိန်း ပြုလုပ်မည်ကို သဘောမတူဘဲ အဆိုပါနယ် မြေမှ ဖယ်ရှားပေးရန် ငြင်းဆန်မှုများရှိခဲ့သည်။
သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီးရေကာတာစီမံကိန်းနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက် မှုများကို စောပေါလ်စိန်ထွား က “ရေကာတာဆောက်လိုက်မယ်ဆို အနီးနားဝန်းကျင်ကျေးရွာတွေ ကနေ ရေမြုပ်ဧရိယာတွေဖြစ်လာမယ်။ သဘာဝပတ်ဝန်း ကျင်နဲ့ ဒေသခံ အသက်မွေးမှု ထိခိုက်လာမယ်။ ဆက်လုပ်မယ်ဆို တိုက်ပွဲတွေဖြစ်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ဒုက္ခသည်တွေ များလာလိမ့်မယ်”ဟု ဆက်လက် ပြောဆိုသည်။
၎င်းအပြင် အဖွဲ့အစည်းပေါင်း ၁၃၁ဖွဲ့က ဦးဆောင်ကာ သံလွင်မြစ်တစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်း များအား ကန့်ကွက် ကြောင်း ရှမ်း၊ ကယား၊ ကရင်၊ မွန်ပြည်နယ်ရှိ ဒေသခံတိုင်းရင်းသားများ၏ လက်မှတ်များကို ကောက်ခံလျှက်ရှိရာ ယခုလက်ရှိ တွင် လက်မှတ်အရေအတွက် သုံးသောင်းကျော် ရရှိနေပြီဖြစ်သည်ဟု သိရသည်။
ယင်းသို့ ကောက်ခံရရှိသောလက်မှတ်များကို အောက်တိုဘာလကုန်တွင် နိုင်ငံတော် သမ္မတရုံး အပါအဝင် တရုတ်သံရုံးနှင့် ထိုင်းသံရုံးများသို့ ပေးပို့သွားကာ ကြေညာချက်များလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကရင်မြစ်ချောင်းများစောင့်ကြည့် လေ့လာရေးအဖွဲ့ထံမှ သိရသည်။
လျှပ်စစ်ဓာတ်အား ၁၃၆၀မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းကို ယခင်အစိုးရလက်ထက် လျှပ်စစ်စွမ်း အားဝန်ကြီးဌာန၊ The Electricity Generating Authority of Thailand (EGAT)နှင့် China’s Sinohydro Corporation ကုမ္ပ ဏီတို့က ၂၀၀၆ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

Tuesday, October 7, 2014

ကရင် လက်နက်ကိုင်တို့၏ မူးယစ်ဆေးတိုက်ဖျက် ကော်မတီ လုပ်ငန်းများ ရပ်ဆိုင်းထားရ

Narcotic
ကရင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကရင်လက်နက်ကိုင် အဖွဲ့ငါးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ လုပ်ငန်းများရပ်ဆိုင်းသွား သည်ဟု ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။
“ခုချိန်မှာ မူးယစ်ဆေးဝါးဖမ်းတာကို လုပ်လိုက်ရင် အချင်းချင်းပြန်ပစ်ကြလို့ဆုံးမှာ မဟုတ်တော့ဘူး။ အခြေ အနေတွေ ပြန်ငြိမ်တော့မှ စနိုင်မယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။

ကော်မတီကို ဇူလိုင်လ ၁၅ ရက်က ဖွဲ့စည်းကာ နှစ်လကျော်အတွင်း နယ်မြေအလိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ခြင်း၊ အစီရင်ခံစာများရေးသား တင်သွင်းခြင်းတို့ ဆောင်ရွက်ထား ကြသည်။
သို့သော် လုပ်ငန်းဆောင်ရွက်ချိန်အတွင်း စစ်ဆေးမှုများသာ ဆောင်ရွက်နိုင်ခဲ့ပြီး မူးယစ်ဆေးရောင်းဝယ် သည့် အဖွဲ့အစည်းလိုက် ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိဘဲ ရောင်းချသူအနည်းငယ်ကိုသာ ဖမ်းဆီးနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ကော်မတီကို ကရင်တိုင်းရင်းသား လက်နက်ကိုင်များ ညီညွတ်ရေး ကော်မတီဝင်များဖြစ်သော ကရင်အမျိုး သား အစည်းအရုံး (KNU)၊ နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသား တပ်မတော်(DKBA) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA Peace Council)၊ KPF (ဟောင်သရော အထူးဒေသ) အဖွဲ့တို့မှ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားသည်။
မြန်မာနိုင်ငံ အရှေ့တောင်ဘက်ဒေသများတွင် ၂၀၁၂ ခုနှစ် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ အပစ်အ ခတ်ရပ်စဲပြီးချိန်မှစ၍ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုနှုန်းများ မြင့်တတ်လာကာ ကရင်လက်နက်ကိုင် အဖွဲ့များ ပါဝင်ပတ်သက်နေကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ၂၀၁၄ ခုနှစ်၊ မေလက ထုတ် ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
မူးယစ်ဆေးဝါးနှင့် ဆက်စပ် ပြစ်မှုကျူးလွန်သူများအဖြစ် တပ်မတော်၊DKBA၊ KNU၊ ၊ ကရင် ငြိမ်းချမ်း ရေးကောင်စီ၊KPF (ဟောင်သရော အထူးဒေသ)တို့မှ နယ်ခြားစောင့် တပ်မှူးများနှင့် စစ်သားများကို ပါဝင်သည်ဟု ဖော်ပြသည်။

အစိုးရ တပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် သျှမ်းဒေသခံ နှစ်ဦး သေဆုံး


သျှမ်းပြည် တောင်ပိုင်း ကျေးသီး မြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် တပ်စခန်းအား တိုက်ခိုက် သိမ်းပိုက်ရာတွင် မြန်မာ အစိုးရ တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးများမှာ ရပ်ရွာ၊ နေအိမ်များသို့ ထိသောကြောင့် ကျေးရွာသား နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။
သေဆုံးသွားသူများမှာ အောက်တိုဘာ သျှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းကောဝ် - နောင် ဆွမ်းကျေးရွာအုပ်စု ဝမ့်မတ်ဟု (ရွာ) နေ ဦးပေါထော့ဝ်ဥ အသက် ၇၇ နှစ်နှင့် ဝမ့်ဝပ်ကျေးရွာအုပ်စု ငူးလိန်ရွာ နေ ဦးလုံးဝါလင်လူ အသက် (၅၃) နှစ် တို့ဖြစ်ကြပြီး အောက်တိုဘာလ ၃ရက်နေ့နှင့် ၄ရက်နေ့အတွင်း အစိုးရ တပ်မတော် မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နေအိမ် အတွင်းတွင် ပွဲချင်းပြီးသေဆုံးသည်ဟု ရွာသားများက ပြောသည်။

“တာဖါဆောင်တပ်စခန်းကို တစ်ရက်လုံးလုံး လက်နက်ကြီးပစ်တယ်။ စခန်းမသိမ်းနိုင်ဘူး။ ညနေတော့ ငူးလိန်ရွာကိုပါ ထုတော့တာဘဲ။ အဲဒီမှာက မီးဖိုချောင်ထဲမှာ ရှိနေတဲ့ လုံးဝါလင် လုံးကု ပွဲချင်းပြီးဘဲ။ ဝမ့်မတ်ဟုရွာက လုံးဥ ကတော့ ခြံထဲမှာ လက်နက်ကြီးဒဏ်ထိလို့ သူလဲ ပွဲချင်းပြီး။ သူ့သားမက်က မသေဘူး ဗုံးစ ၁၅ နေရာ ထိမှန်တယ်။ ဒဏ်ရာပြင်း တယ်။ စိတ်ပူရတယ်သူလည်း” - ကူညီကယ်ဆယ်ရေး အတွက် သျှမ်းပြည်တပ်မတော် နယ်မြေအတွင်းရောက် နိုင်ငံရေးပါတီဝင် တစ်ဦးကပြောသည်။
သျှမ်းပြည်တပ်မတော် နယ်မြေ အတွင်း ထိုးစစ်ဆင်နေသော မြန်မာ အစိုးရ တပ်မတော် နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့အကြား လေးရက်အတွင်း စခန်းသိမ်းတိုက်ပွဲ နှင့် ရင်ဆိုင်တိုက်ပွဲပေါင်း ၂၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
သျှမ်းပြည်တပ်မတော် သည် မြန်မာ နေပြည်တော်အစိုးရ နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးထားသည့်တပ်ဖွဲ့ဖြစ်သည်။

Thursday, September 4, 2014

အယ်လ်ကိုင်းဒါး စိန်ခေါ်မှု စိုးရိမ်စရာ မရှိဟု သမ္မတရုံး ထုတ်ပြန်

အယ်လ်ကိုင်းဒါး စိန်ခေါ်မှု စိုးရိမ်စရာ မရှိဟု သမ္မတရုံး ထုတ်ပြန်
အွန်လိုင်းတွင် ဖြန့်ချိသော ဗီဒီယိုတွင် မြင်ရသော အယ်လ်ကိုင်းဒါး၏ ခေါင်းဆောင် Ayman al Zawahri (ဓာတ်ပုံ – Reuters)
ကမ္ဘာ့အကြမ်းဖက်အဖွဲ့ Al Qaeda အယ်လ်ကိုင်းဒါး၏ ခေါင်းဆောင် Ayman al Zawahri က အိန္ဒိယတွင် ၎င်း၏ စစ်သွေးကြွအဖွဲ့၏ ဌာနခွဲတခု ဖွဲ့စည်းလိုက်ပြီး မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ကို ပစ်မှတ်ထားမည်ဟု ကြေညာလိုက်ခြင်းနှင့် ပတ်သက်၍ နေပြည်တော်ရှိ သမ္မတရုံးက စိုးရိမ်စရာ မရှိဟု ထုတ်ပြန်သည်။
စက်တင်ဘာလ ၃ ရက်နေ့ အွန်လိုင်းတွင် ဖြန့်ချီခဲ့သော ၅၅ မိနစ်ကြာ ဗီဒီယိုဖိုင်တွင် အိန္ဒိယတိုက်ငယ်တွင် Al Qaeda အဖွဲ့ဖွဲ့စည်းခြင်းသည် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ အာသံ၊ ဂူဂျာရတ်၊ အာမက်ဒါဘတ် နှင့် ကက်ရှ်မီးယားမှ မွတ်ဆလင်များအတွက် ဂုဏ်ယူဖွယ်ရာ သတင်းကောင်းတခု ဖြစ်ပြီး တပ်ဖွဲ့ သစ်က မွတ်ဆလင်များကို မမျှတခြင်းနှင့် ဖိနှိပ်ခံရခြင်းတို့မှ ကယ်တင်မည်ဟု Ayman al Zawahriက ဆိုသည်။
“ဒီသတင်းကြောင့် အချင်းချင်းအကြား သံသယတွေ ကြီးထွားလာပြီး ပဋိပက္ခတွေဆီ ပြန်လည်ဦးတည်မသွားအောင် သတိရှိကြဖို့ လိုပါတယ်။ သိပ်ပြီးလည်း စိုးရိမ်တကြီး ဖြစ်နေစရာ အကြောင်းမရှိပါဘူး။ စိုးရိမ်လွန်ကဲတာမျိုး မဖြစ်အောင်လည်း ပြောလိုပါတယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ထုတ်ပြန်ရေးသားထားသည်။
Ayman al Zawahri က ဆီးရီးယားနှင့် အီရတ်တွင် အင်အားကြီးထွားလာနေသည့် အစ္စလမ်မစ်နိုင်ငံအဖွဲ့ (IS) က အစ္စလမ်မစ် စစ်ရေးလုပ်ငန်းများတွင် Al Qaeda အဖွဲ့၏ ခေါင်းဆောင်မှု အပေါ် စိန်ခေါ်လာခြင်းကိုလည်း လုံးဝ သဘော မတူကြောင်း ပြောကြားခဲ့သလို အာဖဂန်နစ္စတန်မှ တာလီဘန်ခေါင်းဆောင် Mullah Omar အပေါ် ကာလရှည်ကြာစွာ သစ္စာစောင့်သိမှုကိုလည်း ထပ်မံအတည်ပြုပြောဆိုသွားသည်။
နိုင်ငံတကာအကြမ်းဖက်တိုက်ဖျက်ရေး ကျွမ်းကျင်သူများကမူ အယ်လ်ကိုင်းဒါး၏ သက်ကြီးရွယ်အို ခေါင်းဆောင်များသည် လူသစ် စုဆောင်းရာတွင် IS အဖွဲ့နှင့် ယှဉ်ပြိုင်နေရ၍ အကြပ်အတည်းများ ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။ IS အဖွဲ့က ကမ္ဘာ အနှံ့အပြားမှာ လူငယ်နောက်လိုက်များကို အီရတ် နှင့် ဆီးရီးယားနယ်စပ်ရှိ နယ်မြေများမှ နေ၍ သွေးဆောင် စည်းရုံးလျှက် ရှိသည်။
IS အဖွဲ့၏ ခေါင်းဆောင် Abu Abu Bakr al-Baghdadi က ၎င်းကိုယ်၎င်း ကာလိဖ် (caliph) သို့မဟုတ် အကြီးအကဲဟု ခေါ်ဝေါ်သုံးစွဲပြီး မွတ်ဆလင်အားလုံးက သစ္စာခံကြရန် တောင်းဆိုခဲ့သည်။
IS အဖွဲ့သည် ၂၀၁၃ ခုနှစ်တွင် Ayman al Zawahri ၏ အဖွဲ့မှ ခွဲထွက်လာပြီး ဆီးရီးယား နိုင်ငံတွင်းသို့ ၀င်ရောက်ကာ Abu Abu Bakr al-Baghdadi ၏ နောက်လိုက်များက ခေါင်းဖြတ်ခြင်း၊ ဘာသာရေးကို အကြောင်းပြု တိုက်ခိုက်ခြင်းနှင့် အကြီးအကျယ်သတ်ဖြတ် သုတ်သင်ခြင်းများပြုလုပ်ခဲ့သည်။
IS အဖွဲ့ကို သွယ်ဝိုက်၍ ငြင်းပယ်ခြင်း အပါအ၀င် Ayman al Zawahri ၏ ကြေညာချက်သည် အိန္ဒိယနိုင်ငံ ၏ ၀န်ကြီးချုပ် အသစ် နေရိန်ဒြာမိုဒီအတွက် စိန်ခေါ်မှုတခုဖြစ်လာနိုင်သည်။  နေရိန်ဒြာမိုဒီသည် မွတ်ဆလင်ဆန့်ကျင်ရေးဟု ယူဆနိုင်သည့် တိုက်ခိုက်မှု အမြောက်အမြားနှင့် ပတ်သက်၍ နှုတ်ဆိတ်နေခဲ့သဖြင့် ဝေဖန်ခြင်းခံနေရသည်။
ထိုနည်းတူ မွတ်ဆလင် လူနည်းစုများအပေါ် ခွဲခြားဆက်ဆံပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာများအပေါ် ဖိနှိပ်ရက်စက်မှုများ ရှိသည်ဟု ဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရအတွက်လည်း စိန်ခေါ်မှုတရပ်ဖြစ်သည်။
သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကမူ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှု၏ ပစ်မှတ် ဖြစ်လာနိုင်သည်ကို လွန်ခဲ့သည့် နှစ်အနည်းကတည်းက ကြိုတင်သိရှိထားကြောင်း၊ သို့အတွက် လိုအပ်သည့် လုံခြုံရေး ကိစ္စများ ပြင်ဆင် ထား ကြောင်း၊ အယ်လ်ကိုင်ဒါး ကွန်ရက် ပြန့်နှံ့စီးဆင်း လည်ပတ်မှုများအား လေ့လာပြီး ၀င်ရောက်လာနိုင်မည့် လမ်း ကြောင်းများကို ကြိုတင်သတ်မှတ် ဆောင်ရွက်ထားရှိကြောင်းလည်း ဆိုသည်။
အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နယ်စပ်တွင်သာ အများအားဖြင့် အခြေပြုထားသည့် အယ်လ်ကိုင်းဒါးအဖွဲ့သည် ဒေသတွင်း စစ်သွေးကြွအဖွဲ့များနှင့် နှိုင်းစာလျှင် လူအင်အားရော နယ်မြေကျွမ်းကျင်မှုပါ အင်အားနည်းနေသည်။
၂၀၁၁ ခုနှစ်တွင် အမေရိကန် လက်ရွေးစင်တပ်ဖွဲ့များ လက်ချက်ကြောင့် သေဆုံးခဲ့ရသည့် ခေါင်းဆောင် Osama bin Laden နှင့် ၎င်းကို ဆက်ခံသူ Ayman al Zawahri တို့က တာလီဘန်ခေါင်းဆောင် Mullah Omar အပေါ် သစ္စာစောင့်သိမည့် အ ကြောင်း နှင့် သူ၏နောက်လိုက်များကို အာမခံခဲ့သည့် အတိုင်း သူတို့အတွက် လုံခြုံသော နိဗ္ဗာန်ဘုံဖြစ်သည့် အာဖဂန်နစ္စတန်သို့ ပြန်နိုင်ရေး အကြိမ်ကြိမ်ကတိပေးခဲ့ကြသည်။
IS အဖွဲ့၏ နိုင်ငံတည်ထောင်ရန် အားထုတ်မှုမျိုးကို အယ်လ်ကိုင်းဒါး ခေါင်းဆောင်များက မည်သည့်အခါမျှ ကြိုးစားခဲ့ခြင်း မရှိပါ။ ၎င်းတို့က အစဉ်အလာအားဖြင့် အနောက်အုပ်စုမှ ပစ်မှတ်များကို တိုက်ခိုက်ရန်ကိုသာ အားသန်ခဲ့ကြသည်။
နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ အမွှာညီနောင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က တိုက်ခိုက်မှုသည် အယ်လ်ကိုင်ဒါး၏ အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည်။
Ayman al Zawahri သည် အယ်လ်ကိုင်ဒါး ခေါင်းဆောင် Osama bin Laden သက်ရှိထင်ရှားရှိစဉ်က ဒုတိယ ခေါင်းဆောင်အဖြစ် လူသိများသည်။ Ayman al Zawahri အား ဖမ်းဆီးရမိပါက ဒေါ်လာ ၂၅ သန်း ဆုငွေပေးမည်ဟု အမေရိကန်က ကြေညာထားသည်။

သတင်း ဧရာဝတီ

Nero 2014 Platinum 15.0.07700 Final + Keygen (279Mb)


Nero 2014 Platinum ရဲ့နောက်ဆုံး Final Version 15.0.07700 ကိုအမြဲအသုံးပြုနိုင်အောင် Full ဖြစ်စေ
ဖို့အတွက် Keygen နှင့်တွဲပြီးတင်ပေးလိုက်ပါတယ်။အားလုံးသိပြီးသားမို့ဘာတွေလုပ်ဆောင်နိုင်လဲဆိုတာ
မပြောတော့ပါဘူး။ဒါပေမယ့်နောက်ပါဝင်လာတဲ့အသစ်တွေကတော့ Nero Play to TV streaming
,1-click Disc to Device conversion1,Ultra HD (4K) video editing,Ultimate Mobile Device support စသည်တိုပါဝင်လာပါတယ်။ဝင်းဒိုး (32/64 bit) အားလုံးအသုံးပြုနိုင်ပါတယ်။ဖိုင်ဆိုဒ်
ကတော့ 279Mb ရှိပါတယ်။


Minimum system requirements for Nero 2014 Platinum

- Windows® XP SP3 (32 bit), Windows Vista® SP2 or later (32/64 bit), Windows® 7 SP1 Home Premium, Professional or Ultimate (32/64 bit), Windows® 8 (32/64 bit), Windows® 8.1 (32/64 bit)
- 2 GHz AMD or Intel® processor
- 1 GB RAM
- 5 GB hard drive space for a typical installation of all components (including templates, content and temporary disk space)
- Microsoft® DirectX® 9.0 compliant graphics card
- DVD disc drive for installation and playback
- CD, DVD, or Blu-ray Disc recordable or rewritable drive for burning
- Windows Media® Player 9 or higher
- Third party components such as Microsoft Windows® Installer 4.5, Microsoft .NET® 4, Microsoft® DirectX® or Adobe Flash are shipped with the product or automated download if not included in the package
- For some services an Internet connection is required. Internet connection charges are the user's responsibility
- Blu-ray Disc Playback, Blu-ray 3D Disc Playback as well as HD Video Editing require Windows Vista® SP2 (32/64 bit), Windows® 7 SP1 Home Premium, Professional or Ultimate (32/64 bit), Windows® 8, (32/64 bit), Windows® 8.1 (32/64 bit)
- Ultra HD (4K) Editing requires 64 bit operating systems: Windows® 7 SP1 Home Premium, Professional or Ultimate, Windows® 8, Windows® 8.1
- For further requirements please check http://www.nero.com/eng/products/nero-platinum/system-requirements.php

Note:

- On 64 bit operating systems, applications run in 32 bit emulation mode
- The devices must be correctly installed and recognized by the operating system for the product to work properly
- Installation of the latest WHQL certified device drivers is strongly recommended
- Setting up of media access server capability requires an PC connected to a local network

Languages: English, French, Spanish, German, Chinese (Simplified), Chinese (Traditional), Japanese, Italian, Turkish, Czech, Korean, Danish, Norwegian, Dutch, Polish, Portuguese (Brazil), Finnish, Russian, Swedish, Greek, Thai, Hungarian



Thank You For Downloading



http://dl-19.one2up.com/onetwo/content/2014/2/8/53c65cd0b984f3465081a29294ca7149.rar 
(or)

ဒေါင်းလော့စ်ဆိုဒ်သို့ရောက်လျှင်အောက်ကိုဆင်းသွားပြီး Slowdownload ကိုနှိပ်ပါ။ပြီးရင်ခဏစောင့်
ပြီးဒေါင်းလော့စ်ပေါ်လာလျှင်ပမှန်ချစ်ဖြုတ်ပြီးမှဒေါင်းပါ။
http://www.filefactory.com/file/6e0vpvzqebdp/%5Bwww.mm-knowledge.com%5DNero%202014%20Platinum%2015.0.07700%20Final.rar 

Monday, September 1, 2014

Internet Download Manager 6.21 Build 7 + Crack

Posted by ရန်ကုန်သား



 
 
 
 
 
 
 
 
 
 
 
 
ဒီကောင်လေးကတော့မနေ့ကမှထွက်ရှိလာတဲ့ Update အသစ်လေးဖြစ်တဲ့ IDM  6.21 Build 7 လေးကို
တင်ပေးလိုက်ပါတယ်ခင်ဗျာ့ ။ Install လုပ်နည်းကတော့.....အင်စတော့မလုပ်ခင်မိမိမှာရှိနေတဲ့အဟောင်း
ကို full လေးကိုအမှန်ခြစ်လေးပေးပြီးထုတ်ပေးလိုက်ပါ ပြီးရင် ဒေါင်းလော့ဖိုင်ကိုဖွင့်ပြီးဒေါင်းလော့မန်နေဂျာ
ကိုအင်စတော့လုပ်လိုက်ပါ နောက်ဆုံး finish နှိပ်ပြီးတာနဲ့ Taskbar မှာရှိတဲ့ IDM icon ကို ပိတ်လိုက်ပါ
ပြီးရင် Crack file ထဲမှာရှိတဲ့ကောင်ကို copy လုပ်ပြီး အင်စတော့လုပ်ထားတဲ့ [C:\Program Files\Internet Download Manager] OR [C:\Program Files (x86)\Internet Download Manager]
ထဲမှာထည့်ပေးလိုက်ပါ ဘောက်ကျလာရင်အပေါ်ဆုံးက Copy & Replace ကိုနှိပ်လိုက်ပါ ။ ပြီးရင် Active
ဖြစ်ဖို့အတွက်  "IDM Key.reg" ကို Double click နှိပ်ပြီး Run ပေးလိုက်ပါ ။ UpDate တောင်းရင်မပေး
လိုက်ပါနဲ့ ဒါဆိုရင် full အဖြစ်နဲ့အမြဲတမ်းအသုံးပြုနိုင်ပါပြီ ။




-------[Description]-----------------------------------
Internet Download Manager 6.21 (IDM) is a reliabe and very useful tool with safe multipart downloading technology to accelerate from internet your downloads such a video, music, games, documents and other important stuff for you files. IDM has a smart download logic accelerator and increases download speeds by up to 5 times, resumes and schedules downloads. Comprehensive error recovery and resume capability will restart broken or interrupted downloads due to lost connections, network problems, computer shutdowns, or unexpected power outages. Simple graphic user interface makes Internet Download Manager user friendly and easy to use. Unlike other download managers and accelerators, IDM segments downloaded files dynamically during download process and reuses available connections without additional connect and login stages to achieve best acceleration performance.


-------[Features]--------------------------------------
• Internet Download Manager supports all popular browsers including Microsoft Internet Explorer, Netscape, MSN Explorer, AOL, Opera, Mozilla Firefox, Avant Browser, and it can be integrated into any Internet application to take over downloads using unique “Advanced Browser Integration” feature.
• Dynamic Segmentation and Performance.
• Easy downloading with one click. When you click on a download link in a browser, IDM will take over the download and accelerate it. IDM supports HTTP, FTP, HTTPS and MMS protocols.
• Download Speed Acceleration. IDM can accelerate downloads by up to 5 times due to its intelligent dynamic file segmentation technology.
• Download Resume. Internet Download Manager will resume unfinished download from the place where they left off.
• YouTube grabber. IDM can grab FLV videos from popular sites like YouTube, MySpaceTV, and Google Video.
• Drag and Drop. You may simply drag and drop links to IDM, and drag and drop downloaded files out of Internet Download Manager.
• Automatic Antivirus checking. Antivirus checking makes your downloads free from viruses and trojans.
• Advanced Browser Integration. When enabled, the feature can be used to catch any download from any application.
• Built-in Scheduler. IDM can connect to the Internet at a set time, download the files you want, disconnect, or shut down your computer when it’s done.
• IDM includes web site spider and grabber. IDM downloads all required files that are specified with filters from web sites, for example all pictures from a web site, or subsets of web sites, or complete web sites for offline browsing. It’s possible to schedule multiple grabber projects to run them once at a specified time, stop them at a specified time, or run periodically to synchronize changes.
• IDM supports many types of proxy servers. For example, IDM works with Microsoft ISA, and FTP proxy servers.
• IDM supports main authentication protocols: Basic, Negotiate, NTLM, and Keberos. Thus IDM can access many Internet and proxy servers using login name and password.
• Download All feature. IDM can add all downloads linked to the current page. It’s easy to download multiple files with this feature.
• Download Categories. IDM can be used to organize downloads automatically using defined download categories.
• Download limits. Progressive downloading with quotas feature. The feature is useful for connections that use some kind of fair access policy (or FAP) like Direcway, Direct PC, Hughes, etc.
• Internet Download Manager is multilingual.


Thank You For Downloading



Delta Force: Black Hawk Down (PC GAME)

Posted by ရန်ကုန်သား 



pc ပေါ်မှာစစ်ဂိမ်းလေးတွေဆော့ရတာကြိုက်တဲ့ကျွန်တော်သူငယ်ချင်းတွေအကြိုက်တွေ့စေမဲ့ Delta Force: Black Hawk Down pc game လေးကိုတင်ပေးလိုက်ပါတယ်နော် ။ ဒီကောင်လေးကတော့ မြောက်များစွာ
သောလူဆိုးစခန်းတွေကိုမိမိတို့အဖွဲ့ကသွားတိုက်ရတဲ့ဂိမ်းလေးပါ ရင်တုန်စရာကောင်းတဲ့အခန်းလေးတွေ
နဲ့တကယ့်စစ်ပွဲကိုတိုက်နေသလိုမျိုးဖန်တီးပေးထားပါတယ် ရုပ်ထွက်ကအစပြောစရာမလိုအောင်ကြည်လင်
ပြတ်သားမူရှိပြီး သွားတိုက်ရမဲ့အခန်းပေါင်းများစွာပါဝင်ပါတယ် ။ တဆင့်ချင်းစီသွားရမယ့်နေရာတွေနဲ့
တဖြည်းဖြည်းကြမ်းတမ်းလာတဲ့ခရီးကြမ်းတွေကလဲဆွဲဆောင်စေတာမို့သူငယ်ချင်းတို့အကြိုက်တွေ့စေ
မှာပါ ဖိုင်ဆိုဒ်က 293mb ရှိပါတယ်ခင်ဗျာ့ ။











Totally redesigned for the PS2 utilizing the groundbreaking Azura engine, Delta Force – Black Hawk Down recreates the intense atmosphere of a war-torn country. From tours of duty in the vast Somali countrysid where snipers could lurk on top of any hill - to the maze like streets of Mogadishu, where militia and civilians blend seamlessly. To ensure accuracy, NovaLogic spent months researching the history of the conflict, and worked extensively with three former Special Forces Operatives, including two who served in Somalia in 1993.
NovaLogic has also teamed up with the Special Operations Warrior Foundation. A portion of the proceeds from Delta Force – Black Hawk Down will be donated to the foundation. The SOWF provides college scholarship grants, along with financial aid and educational counseling to the children of Special Operations personnel who were killed in an operational mission or training accident.

This is the first time any Xbox title has demonstrated a multiplayer experience of up to 50 players on Xbox Live, with the current standard being 16 players. DF - BHD has been redeveloped for the console specifically to take advantage of Xbox Live.
Xbox Live features for DF - BHD on Xbox include team support, stats, voice chat, messaging, matchmaking and more. In addition to the record breaking 50 player games online, DF - BHD also supports 8 multiplayer game types over a variety of different multiplayer environments, as well as 4 player split screen co-op and Xbox communicator headset support.
 


Thank You For Downloading


Website Hacking with Windows 7 (Ebook)

Posted by Pyae Phyo (MMiTD) 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Website တစ်ခုကို Windows 7 နဲ့ Hacking လုပ်နည်းလေးပါ တကယ်ကိုအသုံးဝင်  ပြီးတော့ရှင်းလင်း စွာရေးပြထားပါတယ်။ လိုချင်တဲ့သူငယ်ချင်းများ အတွက်အလွယ်တကူ ယူလို့ရပါတယ်။ ယူတဲ့သူငယ်ချင်းများ အားလုံးအဆင်းပြေပါစေလို့ဆုတောင်းပါတယ်။ စာရေးသူ ( 3thic0kiddi3 ) ဖြစ်ပါတယ်။
Credit to ==> Red Skull

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။

   Download

Saturday, August 30, 2014

CHAOS Combat Copters HD No.1 v6.3.5 APK (All Android)



Posted by ရန်ကုန်သား 



Andorid ဖုန်းတွေမှာ တိုက်ခိုက်ရေး  game  ကြီးတွေကို မှစိတ်ဝင်စားကြတဲ့  ဘော်ဒါတွေအတွက်
CHAOS Combat Copters HD No.1 apk လေးတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကတော့
လေယဉ်ပေါ်က တခြားဘက်ကလေယဉ်တွေ ကိုတိုက်တဲ့ game လေးပါ၊ ကိုယ်တိုင်လေယဉ်မောင်း
ပြီး သည်းထိပ်ရင်ဖိုစွန့်စွန့်စားစားတိုက်ခိုက်ရတဲ့ဂိမ်းလေးဖြစ်ပါတယ် အခန်းပေါင်းများစွနဲ့ရင်ခုန်စိတ်
လူပ်စရာကောင်းပြီးကစားလို့အကြိုက်တွေ့စေမှာပါ ။ ဖိုင်ဆိုဒ်က 142mb ရှိပြီး andrind ဖုန်းအားလုံးမှာ
ကစားနိုင်ပါတယ် ။ download file ထဲက obb file ကို SDCARD/Android/Obb/ ထဲသို့ copy ကူးထည့်ပြီး apk လေးကို Install လုပ်ကာအမြဲတမ်းကစားနိုင်ပါပြီ ။ 






 Achieve new ranks, gain experience, upgrade helicopter and deter your enemy!
In C.H.A.O.S you will step into pilot's shoes and experience fierce air combats while flying one of the most hardcore helicopters in the world.

A secret organization named C.H.A.O.S has been established by the dictators who lost their power and now they aim at world domination. As a brave pilot, you've been hired to prevent them from expanding their influence to other countries. You're about to take this challenge and save the world from terror!

Choose helicopters from different manufacturers from the USA, Russia and Europe such as AH-64 Apache, UH-60 Black Hawk, Hind, Ka-52 Alligator, RAH-66 Comanche and more! Accomplish missions, go through intensive air combats and defeat the enemy!

Achieve new ranks, get money and gain experience, upgrade your helicopter and deter your enemy!

Features :

  • Realistic helicopter simulator with action packed gameplay
  • Highly detailed helicopter models from different manufacturers 
  • Award-winning visual and sound effects 
  • Real-world battle locations 
  • Eight training missions to get ready for real air combat frenzy 
  • Helicopter upgrades
What's in this version: (Updated : Aug 21,  2014)
  • Cloud server update (new countries)
  • Helicopter's Auto repair
  • Friend center enhancement : push notification to friends
  • NVIDIA SHIELD support
  • Add new friends after the melee

Thank You For Downloading



Garai ndung shi yang latsawn ai Manau Poi

Wunpawng Myu sha ni e htaning na shataman (1) hta gaw Manau Poi galaw sana re da . Myen mung madang hku galaw na re da . Wunpawng myu sha ni hpe sat nat ai jam jau jaw ai Teng seing hpe mung shaga na re da .

 Shawoi galaw lai mat wa sai Manau Poi ni hta grau hkik hkam hkra galaw na re da . Anhte myu sha ni Hpyen yen dabang kaw naw rawng nga yang , Hpyen yen ni hpe kahti gari she rai na garum jaw taw nga ai ten hta , Gumhpraw Kaba Jai nna anhte myu sha ni hpe sat nat wa ai Myen ni hte Manau poi kaba galaw na nga gaw Yaw Shada lam nhpa wa nga ma ai kun ????

Manau Poi Woi Awn galaw na ni  gaw WunGyiChuk Lajawn wa ni , Lutdaw salang ni, htung hking salang ni rai ma ai da .Hpa majaw tinang shara hpe pi tinang nlu madu shi yang manau poi galaw mayu kyin ma ai kun mung grai mau sa.

Ndai Poi galaw na matu yaw da ai gumhpraw kaba ni hpe Myu sha lamyan hta jai lang yang grai kaja na nhten . Myu sha ni kanni namhpam hta hkrat sum wa nga ai kaw na lawt lu na masing hta jai lang yang grau kaja na nhten .

Manau poi ngai galaw yang dang bau she sharu , Gumhpaw ma hkam  hkra manau nau ai gaw anhte Wunpawng ni rai nga ai . RaitimNdai Manau Poi hta akyu tam gumhpraw tam bram la mat ai gaw Myen ni bai rai nga ai . Poi hpang sai nga hte Dut mat wa ai seng ni , Hpaw mat wa ai kasup ginra ( လောင်းကစားရုံ) ni , Tsa nang bam nna poi a sari madang nyem mat hkra jahte tam shabrak ai mung Myen ni she malawng rai nga ai re .

Manau Poi hta Du sa manam ni jaw ai kumhpa gumhpraw ni mung bungli ap nawng ai ma ni hpe gaw njaw nna Ningbaw ni a sumbu de chyu mahkawng la ai mabyin mang hkang ni mung tup rai nga ai . 

Manau poi ngu ai mung Du Jan , Lauban Jan , Masha kaba Jan ni hte sha seng ai zawn shara shagu shan hte chyu kaman , kadai hpe mung shara nyen jaw kam , Ting nang a jinghku kasha ni hpe sha bungli shatsam rai nna shan hte a poi zawn sha madu kau nga ai shaning mung grai na sai re .

( Ngai nan hkrum ga ai ,,,Manau komiti hta bungli ap nawng na matu rung hkrang hte hkrak sa shawk da ngut na  hkawng ya din ai hpang she ngai na manang hpe dai lam jahta dan ai . Shi mung galaw mayu ai nga nna rung kaw pa nsa shawk ai sha shi jinghku masha kaba jan hpe wa tsun la ai . Bung li shatsam ai shaloi nye manang wa gaw bungli lu mat nna  ngai hpe gaw masha hpring mat sai nga na tsun shabai dat ai .)

Manau poi ngu ai ntsa lam yu yang sha grai pyaw na zawn re tim kata lam gaw arawng mala shing jawng hkat ai poi she rai mat wa ai mung grai na nga sai re . Ndai ni gaw anhte Wunpawng Myu sha ni Myen hte rau pawng nga ai shani (60) jan ning a akyu rai nga ai .

Kaja nan Wunpawng Myu sha ni a Manau Poi gaw Wunpawng myu sha yawng shang lawm ai , Masha kaba nkau ( ရေပေါဆီ လူတန်းစား) sha madu da ai ,,gumhpraw tam la ai Poi nmai re ai . Matsan ,lu su ,Hpaji chye, nchye n,ging hka magam bung li shagu hta lit garan nna galaw ai ,Yawng ngun atsam shaw ai Manau poi rai ra nga ai .

Ya bai nau na Manau Poi hpe gaw Padang Manau sha rai u ga ngu grai myit mada da ai re wa ..ya gaw akyu tam naku mi woi kabrawng dat ai nhkan Tinang Myu hpe sat ai Hpyen Myen wa hte manau poi galaw sana ma ai da law............

(jingpo zau)

လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများ မပါသေး

သန်းခေါင်စာရင်း, လူဝင်မှုကြီးကြပ်ရေး,
သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)


၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေ စာရင်းများအရ ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁ သန်းကျော်တွင် ပြည်ပသို့ ရွှေ့ပြောင်းလုပ်ကိုင်နေကြသူများ မပါဝင်သေးကြောင်း သိရသည်။
လက်ရှိ ကောက်ယူထားသော စာရင်းများသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေး သတ်မှတ်ချက်များအရ လုပ်ထားခြင်းသာဖြစ်ပြီး ၎င်းစာရင်းထဲတွင် နိုင်ငံခြား၌ တာဝန်ထမ်းဆောင်နေသော သံတမန်များသာ ပါဝင်ကြောင်း သြဂုတ် ၃၀ ရက်နေ့က ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီက ပြောသည်။
“ဒီထဲမှာ မပါသေးတာက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ။ အဲဒါတွေ ဘယ်လောက်ရှိမယ်ဆိုတာ မသိဘူးပေါ့။ ဆိုပါစို့၊ အဲဒါတွေက ၄ သန်းလောက် ရှိမယ်ဆိုရင် ထည့်ပေါင်းလိုက်တော့ ၅၅ သန်းဖြစ်လာမှာပေါ့။ ၃ သန်းရှိမယ်ဆိုရင် ၅၄ သန်းဖြစ်လာမှာပေါ့။ အရင် ခန့်မှန်းပြောခဲ့သလို မြန်မာနိုင်ငံ လူဦးရေ သန်း ၆၀ ကတော့ ဟိုမှာလည်း လောက်ရှိနေမလဲ မသိသေးတော့ ပြောလို့မရဘူး။ ကျနော်မှန်းတာကတော့ အဲဒီလောက် မရှိဘူးထင်တယ်” ဟု ၎င်းက ဆိုသည်။
ပြည်ပတွင် ရှိနေသော မြန်မာနိုင်ငံ လူဦးရေ အတိအကျကိုမူ လာမည့် ၂၀၁၅ ခုနှစ် မေလလောက်တွင်မှ သိရမည်ဖြစ်ကြောင်း၊ လ၀က အနေဖြင့် ပြည်ပထွက် အလုပ်လုပ်သူများနှင့် ပတ်သက်ပြီး စာရင်းကောက်ယူမှု ရှိခဲ့သော်လည်း တရားဝင် အပေါ်လမ်းမှ ထွက်သွားကြသူများ ရှိသကဲ့သို့ တရားမ၀င် အောက်လမ်းမှ ထွက်သွားကြသူများလည်း ရှိနေသောကြောင့် ထိုစာရင်းများကို လာမည့်နှစ် မေလမှသာ ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ ကောက်ယူထားသော သန်းခေါင်စာရင်းများတွင် ကချင်ပြည်နယ်၊ မံစီ၊ လွယ်ဂျယ်နှင့် မိုးမောက်မြို့နယ်များရှိ ကချင် လွတ်လွပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေ ကျေးရွာအုပ်စု ၂၅ စု အပါအဝင် မကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းလူဦးရေ ၄၆၆၀၀ ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးဟု စာရင်းသွင်းမှသာ ကောက်ခံမည်ဆိုသည့်အတွက် ကောက်ယူနိုင်ခြင်းမရှိခဲ့သော လူဦးရေမှာ ၁ သန်းကျော်ရှိကြောင်း၊ မောင်တော၊ စစ်တွေနှင့် မြောက်ဦးခရိုင်တို့မှဖြစ်ပြီး ရခိုင်ပြည် နယ်အတွင်းရှိ လူဦးရေ၏ ၃၁ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။
ကရင်ပြည်နယ်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ ဌာနချုပ် တည်ရှိရာ နယ်မြေရှိ ကျေးရွာများတွင်လည်း သန်းခေါင်စာရင်း မေးခွန်းပုံစံများကို အသုံးပြုပြီး စာရင်းကောက်ယူနိုင်ခြင်း မရှိခဲ့သော်လည်း KNU အဖွဲ့မှ ရရှိသည့် အချက်အလက်များသည် သန်းခေါင်စာရင်း အချက်အလက်များနှင့် အနီးစပ်ဆုံး မှန်ကန်ခဲ့ပြီး သန်းခေါင်းစာရင်း မေးခွန်းပုံစံကို အသုံးပြု ခြင်းမရှိဘဲ ကောက်ယူနိုင်ခဲ့သည့် လူဦးရေမှာ ၆၉၇၅၃ ဦးခန့်ဖြစ်ကြောင်း သိရသည်။
“အခု ရှေ့ပြေးလူဦးရေ စာရင်းတွေအရ မြန်မာနိုင်ငံမှာ မိန်းကလေးဦးရေက ယောက်ျားလေးဦးရေထက် ပိုများနေတာကို တွေ့ရတယ်။ လူဦးရေစုစုပေါင်းရဲ့ ၅၁.၈ ရာခိုင်နှုန်းက မိန်းကလေးဖြစ်ပြီး ၄၈.၂ ရာခိုင်နှုန်းက ယောက်ျားလေးဖြစ်တယ်။ မြို့ပြလူဦးရေ အများဆုံးက ရန်ကုန်နဲ့ ကချင်ဖြစ်ပြီး အနည်းဆုံးက ဧရာဝတီနဲ့ မကွေးတို့ဖြစ်တယ်” ဟု ၀န်ကြီး ဦးခင်ရီက ဆိုသည်။
တိုင်းနှင့် ပြည်နယ် မြို့ကြီးများအနက် လူဦးရေ အများဆုံးမြို့မှာ ရန်ကုန်မြို့ (၅၂၀၉၅၄၁ ဦး) ဖြစ်ပြီး မန္တလေးမြို့သည် ဒုတိယ လူဦးရေ အများဆုံးနှင့် နေပြည်တော်သည် တတိယ လူဦးရေ အများဆုံးဖြစ်သည်။ လူဦးရေ အနည်းဆုံးမှာ ဟားခါး မြို့ (၄၈၂၆၆ ဦး )၊ ထားဝယ် (၁၂၅၂၃၉ ဦး)၊ လွိုင်ကော် (၁၂၈၈၃၇ ဦး) တို့ဖြစ်ကြောင်း သိရသည်။
လူဦးရေ သိပ်သည်းဆအရ ၁ စတုရန်းကီလိုမီတာတွင် ၇၆ ဦးဖြစ်ပြီး လူဦးရေ ထူထပ်ဆုံးမှာ ရန်ကုန်မြို့ဖြစ်သည်။ လူဦးရေ အကျဲပါးဆုံးဒေသမှာ ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။ ရှေ့ပြေးစာရင်းများအရ ပျှမ်းမျှ တအိမ်ထောင်လျှင် လူ ၄ ဒသမ ၄ ဖြစ်ပြီး အိမ်ထောင်စုဝင် အများဆုံးဖြစ်သည့်နေရာမှာ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ ဖြစ်သည်။ အိမ်ထောင်စုဝင် အနည်းဆုံးနေရာမှာ နေပြည်တော်၊ မကွေး၊ ပဲခူးနှင့် ဧရာဝတီတို့ ဖြစ်သည်။
သန်းခေါင်စာရင်း မကောက်ယူနိုင်ခဲ့သည့် ဒေသများတွင် ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ခဲ့သော်လည်း ဆက်လက် ကောက်ယူနိုင်ရန် ကြိုးစားလျက် ရှိကြောင်းလည်း ဝန်ကြီး ဦးခင်ရီက ဆိုသည်။
လူမျိုးသတ်မှတ်ချက်များနှင့် ပတ်သက်ပြီး ဧရာဝတီ မေးမြန်းရာ “ရခိုင်ပြည်နယ်မှာဆိုရင် ကောက်ယူလို့မရတဲ့ အကြောင်းရင်းတွေကလည်း ဒီလူမျိုးတွေဟာ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ပါလျက်နဲ့၊ ဘင်္ဂါလီ အဖြူကတ် ကိုင်ထားပါလျက်နဲ့ နိုင်ငံရေးအရ ရိုဟင်ဂျာလို့ မရေးပေးရင် အကောက်မခံဘူးဆိုလို့ သူတို့က တောင်းခံတာကြောင့် မကောက်ဖြစ်ခဲ့တာပါ။ အဲဒီတော့ အဖြေကရှင်းပါတယ်။ နဂိုတည်းက ဘင်္ဂါလီ အိမ်ထောင်စုစာရင်း ကိုင်ထားတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ မှတ်တမ်းတွေအရတော့ ဒီထဲမှာပဲ ပါသွားမှာ ဖြစ်ပါတယ်။ သန်းခေါင်းစာရင်းမှာတော့ သူတို့ ဟာ ကောက်ခံလို့ မရတဲ့အတွက်ကြောင့် ကောက်ခံလို့မရတဲ့ လူဦးရေစာရင်းမှာပဲ ဖော်ပြသွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးခင်ရီ ကိုယ်စား လူဝင်မှုကြီးကြပ်ရေး အရာရှိတဦးက အဆိုပါသတင်းစာ ရှင်းလင်းပွဲတွင် ပြန်လည် ဖြေကြားခဲ့သည်။

သတင်း ဧရာဝတီ

Monday, August 25, 2014

ဖားကန့်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ အိမ်ခြေ ၃၀၀ ကျော်ရေလွှမ်း

ဖားကန့်, ကချင်ပြည်နယ် , ရေလွှမ်းမိုးမှု
ရေလွှမ်းမိုးမှု ကြုံနေသော ဖားကန့်မြို့ကို သြဂုတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – ဧရာဝတီ)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ကျော် ရေလွှမ်းမိုး ခံနေရကြောင်း သိရသည်။
အဆိုပါ ရေလွှမ်းမိုးမှုခံနေရသည့် ရပ်ကွက်များမှာ ငှက်ပျောတော၊ မြို့မ၊ အေးမြသာယာနှင့် မရှီကထောင် တို့ဖြစ်ကြောင်း၊ ရေလွှမ်း မိုးမှုသည် ကျောက်တူးဖော်သည့် ကုမ္ပဏီများ၏ စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ချောင်းများ ပိတ်ဆို့မှုဖြစ်ပေါ် နေ ကြောင်းလည်း ဖားကန့် ဒေသခံ ကိုလှဆန်းက ဧရာဝတီသို့ ပြောသည်။
“နှစ်ထပ်အိမ်ရှိတဲ့လူတွေက အပေါ်မှာနေကြတယ်။ တချို့ကတော့ ကုန်းမြင့်တဲ့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာနေကြ တယ်။ ဒီနှစ်ကတော့ ရေတက်မှုက စိုးရိမ်မှတ်ကို ရောက်တယ်”ဟု ကိုလှဆန်းက ဆိုသည်။
ရေ လွှမ်းမိုးမှုကြောင့် ဒေသခံ ၁၀၀၀ ကျော် ပြောင်းရွှေ့ရကြောင်းလည်း သိရသည်။
လက်ရှိအခြေအနေတွင် စားဝတ်နေရေးအတွက် အဆင်ပြေနေသော်လည်း၊ မြစ်ချောင်းရေကြောင့် ဒေသခံများ ဝမ်းရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းမှလည်း သောက်ရေသန့်များ လာရောက် ဝေပေးကြပြီး ကယ်ဆယ်ရေး အနေဖြင့်လည်း ဌာနဆိုင်ရာမှ စက်လှေဖြင့် ပြောင်းရွှေ့ပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။
“ရပ်ကွက်ထဲက ကိုယ်ထူကိုယ်ထ ထမင်းထုတ်တွေ ဝေပေးနေတာတွေ ရှိပါတယ်။ ဥရုချောင်းရဲ့ စိုးရိမ်မှတ်က ၆ ပေ၊ ၈ ပေလို့သတ် မှတ်ထားတာ၊ မနေ့ကတော့ ၁၂ ပေ၊ ၁၄ ပေ ဆိုတော့ စိုးရိမ်မှတ် ကျော်တက်ခဲ့တယ်”ဟု ဖားကန့်ဒေသခံ ဦးလှဆန်းက ပြော သည်။
ကချင်ပြည်နယ်ရှိ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ်ရာ ဂျေယန်း ဒုက္ခသည် စခန်းမှာလည်း ဇူလိုင်၂၂ ရက်က မိုးရွာသွန်း မှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်ပြီး လူ ၅ ဦး သေဆုံးခဲ့ကြောင်း၊ ရှမ်းပြည်နယ် မူဆယ်မြို့တွင်လည်း ရေကြီးမှုကြောင့် အမျိုးသားတဦး ရေနစ် သေဆုံးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရသေ့တောင် ကားလမ်းအနီးတွင်လည်း သြဂုတ် ၅ ရက်က မိုးရွာသွန်း၍ မြေပြိုမှုကြောင့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦး မြေပိသေဆုံးခဲ့သည်။
သြဂုတ်လ ၅ ရက်နေ့ နာဆာဂြိုဟ်တု တိုင်းတာချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ ဧရာဝတီအရှေ့ပိုင်း၊ ရန်ကုန်၊ ပဲခူးတိုင်းတောင်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
ထို့အပြင် လာမည့် ၃ လအတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး တောင်ပိုင်း၊ ရခိုင်ပြည်နယ် တောင်ပိုင်း၊ မန္တလေးတောင်ပိုင်းစွန်း၊ ရှမ်းပြည်နယ် အနောက်တောင်ပိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် မြောက်ပိုင်းတို့တွင် ရွာသွန်းနေကျ မိုးရေချိန်ထက် ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းထိ ပိုနိုင်သည်ဟု ၎င်းက သုံးသပ်ထားသည်။
လက်ရှိတွင် သံလွင်မြစ်ရေနှင့် ငဝန်မြစ်ရေတို့မှာ စိုးရိမ်ရေမှတ်အထက် ရောက်နေပြီး ယင်းရေမှတ်အတိုင်း ဆက်လက် ရှိနိုင်ကြောင်း၊ ပဲခူးမြစ်ရေ၊ စစ်တောင်းမြစ်ရေ၊ ရွှေကျင်မြစ်ရေတို့မှာ စိုးရိမ်ရေမှတ်အောက်တွင် ရှိနေသော်လည်း စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

သတင်း ဧရာဝတီ

လီဆူလူမျိုးများကို ပြည်သူ့ စစ်ထဲသို့ ဝင်ရန် လာရောက်ခေါဆောင်မှုများရှိနေ

 
            
             ကချင်ပြည်နယ်ဆောလောမြို့ နယ် အတွင်းရှိ လီဆူ လူမျိုးများကို ပြည်သူ့ စစ်ထဲဝင်ရန် လာရောက်ခေါ်ဆိုမှုများကြောင့် လီဆူအမျိုးသားတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဌာနချုပ်တို့ တိုင်တန်းမှုများရှိကြောင်း ပါတီအထွေထွေ အတွင်းရေးမှူးလာမာလေးက ရှမ်းနီခောတ်ဂျာနယ် သို့  ပြောကြားကြောင်း သိရသည်။

             " ဆောလောက ကျွန်တောတို့ ပါတီရဲ့  ခြောက်လပတ်အစီရင်ခံစာမှာ ဒေသခံတွေကို ပြည်သူ့ စစ်လုပ်ခိုင်းနေတယ်၊ မလုပ်လို့ ရှိရင် တရုတ်ငွေ ၂၀၀၀ ပေးရမယ်။နောက် အိမ်သိမ်းတဲ့ အဆင့်ထိရောက်အောင် လုပ်နေတယ်လို့ တင်ပြလာတယ်။ " ဟု လီဆူပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာမာလေးက ပြောကြားသည်။

            ပြည်သူစစ်ထဲသို့  ခေါ်ဆောင်သွားခြင်းခံရပြီး ပြည်သူ ၂၀ ဦးခန့် သည် ပြန်လည် လွတ်မြောက်လာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ " ချီဖွေ မြို့ နယ်မှာလည်း ကျွန်တောတို့  ဇွန်လှိုင် ၉ ရက်နေ့  မှာ ပါတီဆိုင်းဘုတ်တင်ပြီးလို့  တစ်ပတ်အကြာမှာပဲ ပါတီဥက္ကဠကို ပြည်သူ့ စစ်အဖွဲ့ က ကားနဲ့ လာခေါ်တယ်။ လာခေါ်တော့ ပါတီဥက္ကဠက ငါ့ကို ဖမ်းချင်ဖမ်း၊ ငါလည်းတိုင်မယ် ပြောတော့ နောက်နေ့ ပြန်လာတယ်။ မခေါ်တော့ဘူးဆိုတဲ့ အကြောင်းလာပြောတယ် ။" ဟု ဦးလာမာလေးကပြောကြားသည်။
            
               အဆိုပါဒေသတွင် လောဝေါ်ပြည်သူ့ စစ်နှင့် ဦးဇခုန်တိန့်ယိမ်း ၏NDAK နယ်ခြားစောင့်တပ်တို့ လှုပ်ရှားနေကြောင်းလည်း သိရသည်။ လီဆူပါတီအနေဖြင့် လီဆူလူမျိုးများအား ပြည်သူ့ စစ်အဖြစ် ဆောင်ရွက်ရန် လာရောက်ခေါ်ဆောင် နေခြင်းကို စုံစမ်းဖော်ထုတ်လျက်ရှိပြီး သက်ဆိုင်ရာသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း ရှမ်းနီခေတ်ဂျာနယ်တွေ ဖေါ်ပြ ထားသည်။

               ပြည်သူ့ စစ်များနှင့် ပတ်သက်ပြီး ပြည်သူ့ လွတ်တော်ထဲတွင်ဆွေးနွေးရာ ပြည်သူ့ စစ်အဖွဲများ၏ ငွေကြေးတောင်းခံခြင်း၊ တခြားလူ့ အခွင့် အရေးချိုးခေါက်ခြင်းများ၊ ဥပဒေမဲ့ လုပ်ရပ်များကို မည်သို့ အရေးယူဆောင်ရ့က်နေသည်ကို မေးမြန်းခဲ့ သောလည်း တိကျခိုင်မာသည့် အဖြေများကို မရရှိခဲ့ ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူ့ စစ်အဖွဲ့ ပေါင်း ၅၀၃၅ ဖွဲ့ ရှိပြီး ထိုပြည်သူ့ စစ်တွင် အသွင်ပြောင်းပြည်သူ့ စစ်နှင့် မူလပြည်သူ့ စစ် ဟု နှစ်မျိုးရှိကြောင်းသိရသည်။

သတင်း_ ရှမ်းနီခေတ်ဂျာနယ်

တောနင်း လာသည့် အစိုးရ တပ်မတော် စစ်ကြောင်း SSPP/SSA နှင့် တိုက်ပွဲဖြစ်

Burma Army SSPP SSA

သတင်း - သျှမ်းသံတော်ဆင့်သတင်း

သျှမ်းပြည် တောင်ပိုင်း ကျေးသီး မြို့နယ် အရှေ့ မြောက်ဘက် တောနင်းလှုပ်ရှားသည့် အစိုးရ တပ်မတော် ခလရ ၂၈၇ ၀မ့်ဇင်း စစ်ကြောင်းနှင့် သျှမ်းပြည် တပ်မတော်တို့အကြား ၂၀၁၄ ဩဂတ်စ် ၂၂ ရက် နံနက်ပိုင်းက တစ်နာရီခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု ဒေသ အတွင်း သတင်း ရပ်ကွက်က ပြောသည်။
ကျေးသီးမြို့နယ် အရှေ့မြောက်ဘက် ၁၅ ခန့် အကွာရှိ ဝမ့်ဝပ်၊ ပန်စယ်ကျေးရွာအုပ်စုဘက် အခြေချ လှုပ်ရှားသည့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံစစ်ကြောင်း တစ်ကြောင်း က သျှမ်းပြည်တပ် တပ်မတော် SSPP SSA ၏ အမှတ် ၁ ဌာနချုပ်လုံခြုံရေးတပ်ရင်းမှ လက်အောက်ခံတပ် စစ်ကြောင်းများအား တောနင်း၍ ပိုက်စိပ်တိုက်ရှာရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သျှမ်းပြည်တပ်မတော် တပ်မှူး တစ်ဦးက ပြောသည်။

“တိုက်ပွဲမဖြစ်ဖြစ်အောင်လုပ်နေတာ။ ကျနော်တို့ဒေသ၊ ကျနော်တို့ရွာ၊ ရွာပျက်မှာစိုးလို့ ရွာနားတောင် ကျနော်တို့ မကပ်ဘူး။ ဒါကို လူထုကိုရိုက်နှက်စစ်ဆေးပြီး ကျနော်တို့သတင်းတွေကိုမေးတယ်။ ပန်စယ် ဘက်ကနေ လွယ်ယွဲ ဘက်တောနင်းလာတာ။ မနေ့က တိုက်ပွဲက ၄၅ မိနစ်လောက်ကြာမယ်ထင်တယ်။ လက်နက်ကြီးတွေ၊ စက်သေ နတ်တွေနဲ့ ရမ်းထုနေတဲ့ အချိန်နဲ့ပေါင်းရင် တနာရီကျော်ကြာမယ်ထင်တယ်” ဟု အဆိုပါ အမည် မဖေါ်လိုသည့် ရှေ့တန်းရောက်တပ်မှူးကပြောသည်။
အဆိုပါတိုက်ပွဲနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ဘက် သေကြေကျဆုံးမှု မရှိကြောင်း၊ အစိုးရ တပ်မတော် ဘက်ကသေကြေဒဏ်ရာရမှုသတင်းမသိရသေးကြောင်း၊ သို့သော် ၎င်းတို့၏ ကျောပိုးအိတ် ၄ လုံး ကျနေခဲ့ ကြောင်း SSPP ဌာနချုပ်ရုံးအရာရှိ ဗိုလ်မှူးစိုင်းဆေတိုင်းက ပြောသည်။
အစိုးရ တပ်မတော်ကာကွယ်ရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ကျော်ညွှန့် က  ဝမ့်ဟိုင်း SSA အနေဖြင့် အဆိုပါ ဒေသ အတွင်းမှ တပ်ဆုပ်ပေးရန် လုံလောက်သော ချိန်ပေးထားသည် ဟု ဂျူလိုင်လလယ်ပိုင်းက လွှတ်တော်အတွင်း ပြောကြားခဲ့သည်။
သျှမ်းပြည်တပ်မတော် ပြောရေးဆိုခွင့် ဒ-ုဗိုလ်မှူးးကြီးစိုင်းလှ က  သျှမ်းပြည် တပ်မတော်အနေဖြင့် ဇာတိချက် ကြွေမွေးရပ်မြေ ဖြစ်သောကြောင့် အဆိုပါ ဒေသအတွင်းမှ တပ်ဆုတ်၍မရဟု သျှမ်းသံတော်ဆင့်သို့ ပြောဖူးသည်။
အဆိုပါတိုက်ပွဲဖြစ်ပွါးနေသောဒေသသည် SSPP ဗဟိုဌာနချုပ်နှင့်   ၁၀ မိုင်ကျော်သာ  ကွာဝေးသည်။
တဖက်ကလည်း အစိုးရတပ်မတော်သည် ကျေးသီးမြို့နယ် တာ့ဖာဆောင်ရွာအတွင်း (ဝမ့်ဝပ်ဘုန်းကြီး ကျောင်းသို့ စစ်ဘေးရှောင်နေသော) ဒေသခံများ၏ နေအိမ်များသို့တက်နေကာ ၎င်းတို့၏ ခံတပ်တခု အဖြစ်အသုံးပြုနေသဖြင့် စစ်ဘေးရှောင် များ နေရပ်သို့ မပြန်နိုင်သေးကြကြောင်း မြို့ခံများကပြောသည်။
ဦးသိန်းစိန်အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ကြိုးပမ်း နေသော်လည်း အစိုးရတပ်မတော်ကမူ သျှမ်းပြည်မြောက်ပိုင်းအတွင်း အင်အားဖြည့် လှုပ်ရှားနေသောကြောင့်  တိုက်ပွဲမကြာခဏ ဖြစ်ပွားနေသည်။
၂၀၁၂ ဂျန္နဝါရီ ၂၈ ရက်က သျှမ်းပြည်တိုးတက်ရေးပါတီနှင့် အစိုးရတို့  ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးစဉ် UPWC  ဒု-ဥက္ကဌ(၂) ဦးသိန်းဇော် မှ‘  ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပြီး ၅ ရက် အတွင်း သျှမ်းပြည်တပ်မတော်နယ်မြေအတွင်း အစိုးရတပ်များအားလုံး ဖယ်ရှားပေးပါမည်’ ဟု သျှမ်းပြည် တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်ထံသို့  နှုတ်ကတိပေးခဲ့ဖူးသော်လည်း တပ်မဆုပ်ပေးသည့် အပြင် အင်အားတိုးချ လှုပ်ရှားသောကြောင့် သျှမ်းပြည်တပ်မတော် နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု SSPP အတွင်းရေးမှူး စဝ်ခွန်ဆိုင် က ပြောသည်။

သမ္မတနှင့် နိုင်ငံရေးမဆွေးနွေးခဲ့ဟု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခေါင်းဆောင်အချို့ ပြော

နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေးကိုသာ ဆွေးနွေးခဲ့သည်ဟု “၀”၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဥက္ကဋ္ဌများက မဇ္ဈိမကို သြဂုတ်လ ၂၄ ရက်တွင် ပြောသည်။
“ကျွန်တော်တို့ ပြည်နယ်တောင်းတဲ့အကြောင်း မဆွေးနွေးခဲ့ပါဘူး။ အခုအချိန်က ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအတိုင်းပဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်နေပါတယ်။ ဒီအချိန်မှာက ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး မပြောသေးပါဘူး”ဟု “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ခွန်ထွန်းလူက ပြောသည်။

နိုင်ငံတော်သမ္မတနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဥက္ကဋ္ဌများ တွေ့ဆုံအပြီး ညနေပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့်လည်း ထပ်မံတွေ့ဆုံခဲ့သည်။
တွေ့ဆုံမှုများအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသအတွင်း လုပ်ဆောင်ရန် လိုအပ်နေသည့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကိုသာ ဆွေးနွေးခဲ့သည်ဟု စစ်ကိုင်းတိုင်းအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးနော်ရိုဆန်ဂျူးက ပြောသည်။
“ကျွန်တော်တို့ သမ္မတနဲ့တွေ့တာက ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ၀န်ကြီးတွေလည်း ပါပါတယ်။ အဓိကတော့ ကိုယ့်ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ပဲ ဆွေးနွေးတာပါ။ နိုင်ငံရေးအရ ဆွေးနွေးတာတွေ မရှိသလို ဖွဲ့စည်းပုံပြင်တာကိုလည်း မဆွေးနွေးပါဘူး”ဟု ၎င်းက ဆိုသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသခြောက်ခုမှ ဦးစီးများ၊ ဥက္ကဋ္ဌများနှင့် နိုင်ငံတော်သမ္မတက သြဂုတ်လ ၂၁ ရက်နှင့် ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေး၌ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ၏ ဒေသဖွံ့ဖြိုးရေး ကိစ္စများသာ ဆွေးနွေးခဲ့သည်ဟု ခေါင်းဆောင်အချို့က ပြောသည်။
အဆိုပါအစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသ ခြောက်ခုဖြစ်သည့် “၀” ၊ နာဂ၊ ပအိုဝ်း၊ ဓနု၊ ကိုးကန့်၊ ပလောင်တို့မှ ဥက္ကဋ္ဌများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

Friday, August 22, 2014

မြစ်ကြီးနား လိုင်ဇာ ကားလမ်း ဗမာစစ်တပ်နဲ့  ကားသမားပေါင်းပြီး ကားခ ၅၀၀၀၀ ထိဈေးမြင့်


မြစ်ကြီးနား လိုင်ဇာ ကားခ ယခင်က ၂၅၀၀ သာရှိခဲ့သော်လည်း တကျော့ပြန်စစ်ပွဲ ဖြစ်လာပြီးနောက် ကားခဈေးမှာ ၁၅၀၀၀ မှ ၃၀၀၀၀ ထိတက်သွားခဲ့သည်။

ကားခဈေးတက်ရခြင်း အကြောင်းအရင်းမှာလဲ လုံခြုံရေးကို အကြောင်းပြပြီးဈေးတက်သွားခြင်းဖြစ်သည်။ လုံခြုံရေးကိုအကြောင်းပြမည်ဆိုလဲ ကားလမ်း၏  ၄ ပုံ ၃ ပုံ မှာ ဗမာစစ်တပ်က နေရာယူထားခြင်း ဖြစ်သောကြောင့် ကားခတက်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော ပြည်ထောင်စုစစ်တပ် ဟု ဗမာစစ်တပ်ကခံယူထားလျှင် ပြည်သူတွေကို လွပ်လွပ်လပ်လပ် ခရီး သွားနိုင်အောင်ကူညီရမည်ဖြစ်သည်။

ယခု ဖြစ်နေသည်မှာ ကားသမားက ခရီးသည်ဆီက လုံခြုံ ရေး အကြောင်းပြပြီး ကားခအဆမတန် တောင်းပြီး ဗမာစစ်တပ်နှင့် ပြန်ခွဲဝေယူနေကြသည်။ ဗမာစစ် တပ်သည် ပြည်ထောင်စုစစ်တပ်ဟုခံယူပါက လုံခြုံ ရေးအတွက် ပြည်သူဆီက အဖိုးအခ တောင်းစရာမလိုပေ။

ယခုတလော အတွင်း ဗမာစစ်တပ်ကလမ်းခဏပိတ်လိုက်ပြီး ပြန်ဖွင့် ချိန်တွင် လုံခြုံရေး ခေါင်းစဉ်ဖြင့် ကားခဈေး ၅၀၀၀၀/ ထိတက်သွားခဲ့ သည်။ ခရီးသွား ပြည်သူများ၏ပြောပြချက်အရ ဗမာစစ်တပ် နှင့် ကားသမားများ တိုင်ပင်ပြီး ဈေးမြင့် လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

 ကေအိုင်အေ မှကားတစ်စီးကို တစ်လ လျှင် ၅၀၀၀ သာကောက်ခံပြီး ဗမာစစ်တပ် တစ်တပ်လျှင် တစ်လ အနည်းဆုံး ရှစ်သိန်းထိ ခွဲဝေပေးကြကြောင်း  ကြားသိရပါသည်။ ပြည်သူတွေကို စာနာသောအနေဖြင့် ကားခကို ပြန်ချ ပေးရန်အလိုရှိနေကြကြောင်း ပြည်သူ့ ကိုယ်စား တင်ပြပေးလိုက်ပါတယ်။ (ကချင်ပြည်နယ်မှ တရုတ်ပြည်သို့  သွားသော ခရီးသွား ပြည်သူ အများစုသည် မြစ်ကြီးနား လိုင်ဇာကားလမ်းကို အသုံးပြုနေကြရသည်။)

ဖုန်းသမားတွေအတွက် servicerမှာ နာမည်ကြီး အသုံးဝင်းတဲ့ Root Explorer v3.2 APK



Posted by Win Hlaing 











ဖုန်းသမားတွေအတွက် servicerမှာ နာမည်ကြီး အသုံးဝင်းတယ် Root Exploerလေးကိုတင်ပေးလိုက်ပါတယ်။ဒီလေးကိုupdateတင်ပေးပါလားဆိုလို update versionသစ်လေးတင်ပေးလိုက်ပါတယ်ဗျာ။Application တွေကိုတိုက်ရိုက်အင်စတောလုပ်ပြီးအပြောင်း
အရွေ့ကြိုက်သလိုလုပ်နိုင်ပါတယ်။Android O/S : 3.0, Android O/S : 2.3အထက်ကိုကောင်းကောင်းလေသုံးနိုင်ရန်တွဲပြီးတင်ပေးလိုက်ပါတယ်ဗျာ။
အောက်မှာပြထားတဲ့ပုံတွေကိုကြည့်လိုက်ပါ။ဘာတွေလုပ်ဆောင်နိုင်လည်းဆိုတာ...
 
 
 Android O/S : 2.3 အတွက် 
 Android O/S : 3.0 အတွက် 

ဖုန်းတွေထဲကိုVirusမ၀င်ဖို့နဲ့ဖုန်းရဲ့လုံခြုံစေမယ် AntiVirus PRO Android Security v4.1.2 APK



Posted by Win Hlaing 
ဖုန်းတွေထဲကိုVirusမ၀င်ဖို့နဲ့ဖုန်းရဲ့လုံခြုံရေးပိုင်းကိုအပြည့်အ၀ကာကွယ်ပေးနိုင်မယ့်Mobile application ကိုတင်ပေးလိုက်ပါတယ်။ Androidဖုန်း/Tablet ထဲကို Virus , Malware, Spyware စတာတွေဝင်မလာအောင်အချိန်ပြည့်စစ်ဆေးပေးနေမှာဖြစ်ပါတယ်။ ဖုန်းမှာသွင်းထားတဲ့
အခြားဆော့ဝဲတွေမှာ virus ပါမပါကိုလည်းစစ်ဆေးပေးပါတယ်။ ဖုန်း/Tablet နဲ့အင်တာနက်ကြည့်ရာမှာ ကိုယ့်ရဲ့ data တွေခိုးယူခံရခြင်းမရှိဖို့လည်း Mobile Antivirus Security Pro ကကာကွယ်ပေးနိင်ပါသေးတယ်။ Blacklist features လည်းပါဝင်တာကြောင့် ကိုယ်မ၀င်စေချင်တဲ့ ဖုန်း call , SMS စတာတွေကိုလည်း Block ထားနိုင်ဦးမှာပါ။ ဖုန်းထဲမှာသွင်းထားတဲ့ဆော့ဝဲတစ်ခုချင်းစီအလိုက် Password ပေးထားနိုင်တဲ့ function လည်းပါဝင်တာကြောင့် ကိုယ့်ဖုန်းကို သူများလာကိုင်တဲ့အခါ အသုံးမပြုစေချင် ၊ မကြည့်ရှုစေချင်တဲ့ function များကိုလည်း Lock ချထားနိုင်ဦးမှာပါ။ဒါအပြင်ဖုန်းအတွက်ပေါ့ပါးစေမယ့် task killer,cache cleaner လိုမျိုးတွေလည်းပါဝင်တာကြောင့် တော်တော်လေးကိုလန်းတဲ့ Mobile Security ဆော့ဝဲလေးဖြစ်ပါတယ်။
အသုံးပြုမယ်ဆိုရင်တော့ Android O/S  1.6 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

ဖုန်းထဲမှာCCTV Camera မိမိဖုန်းထဲ့ကနေ ကြည့်ရှူလို့ ရတဲ့ tinyCam Monitor PRO v5.5.5 APK


Posted by Win Hlaing 
 

ဖုန်းကိုင်ဆောင်ထားသူများအတွက် ဒီဆော့ဝဲလေးကတော့ အင်တာနက် ချိတ်ဆက်ထားတဲ့ နိုင်ငံတကာက CCTV Camera တွေအကုန်လုံးကို မိမိဖုန်းထဲ့ကနေ ကြည့်ရှူလို့ ရတဲ့ ဆော့ဝဲလေး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စမ်းသပ်ကြည့်လို့ရပါပြီဖြစ်တယ်အတွက်နဲ
့ စမ်းသပ်ကြည့်မယ်သူတို့အတွက်ကတော့ update လေးကိုတင်းပေးလိုက်ပါတဲ့အတွက် စမ်းသပ်ကြည့်မယ် ဆိုရင်တော့ မိမိတို့ရဲ့ cctv Camera က Wifi,Internet ချိတ်ဆက်ထားဖို့လိုပါတယ်။ အဲဒါမှ မိမိဖုန်းထဲကနေ ကြည့်ရှူလို့ ရမှာ ဖြစ်ပါတယ်။User များသဘောပေါက်လွယ်သွားအောင်
အောက်မှာပုံတွေပြထားပါတယ်ဗျာ။

Monday, August 18, 2014

Racing 3D: Asphalt Real Tracks Mod APK Version1.3 Unlimited Coin and VIP (Android Game)



Posted by ရန်ကုန်သား 

android ဖုန်းမှာပြိုင်ကားလှလှလေးတွေပြိုင်မောင်းချင်တဲ့ဘော်ဒါတွေအတွက် hack ပြီးသား Racing 3D: Asphalt Real Tracks Mod APK |Version:  1.3 apk လေးပါ ။ ဒီကောင်လေးကတော့မြောက်များစွာ
သောပြိုင်ကားတွေနဲ့သူနိုင်ကိုယ်နိုင်ပြိုင်မောင်းရတဲ့ပြိုင်ကားဂိမ်းလေးပါ ရုပ်ထွက်ကောင်းပြီး hack ထား
ပြီးသား Unlimited Coin and VIP လေးဖြစ်တဲ့အတွက် ပြိုင်ကားလှလှလေးတွေကိုမိမိစိတ်ကြိုက်ရွေးယူနိုင်
ပြီးအခန်းတွေကိုလည်းအကန့်အသတ်မရှိကစားနိုင်မှာဖြစ်ပါတယ် ။ ဖိုင်ဆိုဒ်က 40mb ရှိပြီး Android : 2.3 နှင့်အထက်ဖုန်းတွေမှာကစားနိုင်ပါတယ် ။





First time Unique Arcade Racing Experience available on mobile devices.Test your skills driving plenty of cars on completely different tracks. Don’t wait and Download NOW!

- drive, fight and win on 16 completely different tracks,
- many unique cars to drive and crash,
- upgrade your car and become fastest driver on earth,

Install APK files
Then Lets Play The Game
 Version:  1.3
 Android : 2.3
 Market:  https://play.google.com/.speedcarrace
 Mod:  Unlimited Coin and Vip Pack



Thank You For Downloading



shakram ga...

Myushadan blog de sa du ngun jaw la ai majaw grai chyeju kaba sai law .