.
အားလုံး မင်္ဂလာပါ..
အမေရိကန်နိုင်ငံရဲ့ အလုပ်လက်မဲ့ရာခိုင်နှုန်းဟာ ( ၆ ) ရာခိုင်နှုန်းအောက် ကို ( ၆ ) နှစ်အတွင်းမှာ ပထမဦးဆုံးအကြိမ် ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ ( ၄ ) နှစ်ကျော်ကာလအတွင်း ကျွန်တော်တို့ရဲ့ စီးပွားရေးဟာ အလုပ်အကိုင်သစ်ပေါင်း ( ၁ဝ ) သန်းကျော် ဖန်တီးပေးနိုင်ခဲ့တယ်။ ဒါဟာ ပုဂ္ဂလိက ကဏ္ဍ သမိုင်းမှာ အနှောင့်အယှက်ကင်းကင်း နဲ့ အရှည်ကြာဆုံး ထိန်းထားနိုင်ခဲ့တာဖြစ်တယ်။
.
( ၁၉၉၀ ) နောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်းများ
.
အခြေခံအဆောက်အဦတွေ တည်ဆောက်တဲ့ မူဝါဒတွေ ချမှတ်တဲ့နေရာမှာ အမျိုးသမီးတွေ လုပ်ခတန်းတူရရှိဖို့ သေချာအောင် ဆောင်ရွက်ရမယ်။ ဒီကနေ ရှေ့ဆက်ပြီး လူငယ်ကျောင်းသားတွေရဲ့ စာသင်စားရိတ်ချေးငွေကို အလွယ်တကူ ပြန်လည်ပေးဆပ်နိုင်အောင် လုပ်ရမယ်။ လုပ်အားခ တိုးပေးခြင်းဟာ ပြည်သူတွေ ကြိုတင်စီစဉ်နိုင်အောင် ကူညီဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးနည်းလမ်းဖြစ်တယ်။
.
ပြည်သူများ မိမိကိုယ်ကို မေးကြည့်ကြပါ .. အခြေခံလစာနဲ့ တစ်နှစ်လုပ်အားခ ဒေါ်လာ ( ၁၄၅ဝဝ ) နဲ့ ချို့တဲ့ဆင်းရဲစွာ ရပ်တည်နိုင်သလားလို့။ ဒီလမ်းစဉ်ဟာ မမှန်ပါဘူး။ အလုပ်ကြိုးစားသူဟာ ထိုက်သင့်တဲ့ လုပ်ခ ရရမယ်။
.
လက်ရှိမှာ ဖယ်ဒရယ်အစိုးရသတ်မှတ်ချက်အရ
.
အသက် ( ၃၅ ) နှစ်တန်းမှာ အများစုက နာရီစားလုပ်ခနည်းတဲ့ အမျိုးသမီးတွေဖြစ်တယ်။ အခုလို အပိုရမယ့်ငွေဟာ မိသားစုရပ်တည်ရေး နဲ့ ကုန်ကျစားရိတ်တွေအတွက် အကူအညီရစေလိမ့်မယ်။ ဒီငွေပို ငွေလျှံထဲကနေ ဒေသန္တရ စီးပွားရေးတွေပေါ်မှာလည်း ပိုသုံးစွဲနိုင်လာပြီး လူတန်းစေ့နေနိုင်ပါစေလိမ့်မ
.
ဒါပေမယ့် ဒါကို အတည်ပြုပေးဖို့ လွှတ်တော်က တင်းခံနေတာ ( ၇ ) နှစ်ရှိပြီ။ ဟုတ်တယ် ( ၇ ) နှစ်တောင် ရှိပြီ။ ဒီနှစ်မှာ လွှတ်တော်မှာ ဆွဲတင်နိုင်ခဲ့သော်ငြားလည်း
.
ကုမ္ပဏီအများစုဟာ သူတို့ရဲ့လုပ်သားတွေကို လုပ်ခတိုးပေးဖို့ ပြင်ဆင်နေကြပြီ။ မကြာသေးခင် စစ်တမ်းတစ်ခုအရ အသေးစား စီးပွားရေးလုပ်ငန်းတွေက 10 10 ( Ten Ten ) ဈေးနှုန်း ကို ဖြည်းဖြည်းမှန်မှန်တိုးပေးေ
.
ဒီတစ်ပတ် သောကြာနေ့ ( 10-10-2014 ) မှာ စီးပွားရေးအစုအဖွဲ့တွေ၊ အလုပ်လုပ်နေတဲ့ မိခင်တွေ၊ အလုပ်သမား သမဂ္ဂတွေ နဲ့ မြို့တော်ဝန် ( ၆၅ ) ဦးအပါအဝင် လူအုပ်ကြီးက အလုပ်ကြိုးစားတဲ့ အမေရိကန်ပြည်သူတွေကို လုပ်ခတိုးပေးဖို့အဆိုကို အခုလို ဆက်ပြီး ပိတ်ဆို့တင်းခံမထားကြဖို့ ရီပတ်ပလစ်ကန်ကို တောင်းဆိုဖို့ရှိပါတယ်။ အကြောင်းရင်းက အမေရိကန်မြေမှာ အချိန်ပြည့်အလုပ်လုပ်ပြီး အလုပ်ကြိုးစားတဲ့ မည်သူမဆို မိသားစုကို ဆင်းရဲချို့တဲ့စွာ ပျိုးထောင်ဖို့ မလိုပါဘူး။
.
တိုက်ပွဲဆက်ဝင်သွားနေတာနဲ့တ
.
ကျေးဇူးတင်ပါတယ်။
.
သမ္မတ အိုဘားမားမိန့်ခွန်း ( ၁ဝ-၁ဝ-၂ဝ၁၄ ) ဝေါ်ရှင်တန်ဒီစီ
.
Ref: The White House
No comments:
Post a Comment