Pages

Monday, December 23, 2013

ခေါင်းဆောင်မဖြစ်ထိုက်သောသူ ၈ မျိုး

ခေါင်းဆောင်မဖြစ်ထိုက်သောသူ ၈ မျိုး
 ဘုရင့်သားကား အမတ်ကြီးအားမေး၏။မည်သို့သောသူသည် ခေါင်းဆောင်ဖြစ်ထိုက်သနည်း။အမတ်ကြီးက အရှင့်သားခေါင်းဆောင်ဖြစ်ထိုက် မဖြစ်ထိုက်ကို မှန်းဆ၍မရ လက်တွေ့လေ့လာမှ မြင်နိုင်ပေ၏။သို့ပေမယ့် ခေါင်းဆောင် မဖြစ်ထိုက်သောသူ(ခေါင်းဆောင်မခန့်အပ်သောသူ)၈ မျိုးရှိ၏ 
တစ်-ကိုယ့်ထက်သာတဲ့သူကို မနာလိုသောသူ
 နှစ် - ကိုယ့်အလိုကျ စကားပြောသူရဲ့စကားကိုသာ ယုံကြည်သောသူ 
သုံး - အခြားသူအမှားသာမြင်ပြီး ကိုယ့်အမှားကို မမြင်သောသူ
 လေး - ဆုံးဖြတ်ချက်များကို ပြတ်သားစွာမချတတ်သူ(ဆုံးဖြတ်နိုင်စွမ်းမရှိသူ)
 ငါး - အရက်အလွံ့အကျွံ့သောက်သောသူ
 ခြောက် - ကတိများစွာပေးပြီး နောက်ကွယ်မှာ တုံ့ဆိုင်းတတ်သူ 
ခုနှစ် - ငွေကြေးများများပေး၍ အများချစ်ခင်အောင်ဆောင်ရွက်သူ
 ရှစ် - ပြောသည့်စကားအတိုင်း လိုက်မလုပ်နိုင်သူ 
ထို ၈ မျိုးကား ခေါင်းဆောင်မခန့်အပ်ရာ။ မင်းသား သိပ်နားမလည်သေးသဖြင့် အမတ်ကြီးက ရှင်းပြသည်။ ကိုယ့်ထက်သာသူကို မနာလိုသောသူကား အရည်အချင်းရှိသော်ငြားလဲ မနာလိုစိတ်များပါက ကိုယ့်အချင်းချင်းပင်ဖြစ်စေ မကောင်းကြံတတ်၏။ ကိုယ့်အလိုကျ စကားပြောသူကိုသာ ယုံကြည်သောသူသည် အရည်အချင်းတဖြည်းဖြည်းညံ့ဖျင်းလာတတ်၏။အတ္တစိတ်ဝင်တတ်ပြီး အမှန်တ၇ားကို မြင်ရဖို့ခက်ခဲ၏။ အခြားသူအမှားသာ မြင်ပြီး ကိုယ့်အမှားမမြင်တတ်သောသူသည် လွဲချခြင်းမျိုးဖြစ်တတ်၏။ ထိုသူကြောင့် လူကောင်း။လူတော်တွေ အလွန်နစ်နာရပေမည်။ ဆုံးဖြတ်ချက်ပြတ်သားစွာ မချနိုင်သူကား ကလေးသာသာပင်ဖြစ်၏။နှစ်ဖက်လွန်ဆွဲသော ကိစ္စများတွင် မပြတ်သားမှုကြောင့် အရှုပ်အထွေးများစွာဖြစ်တတ်၏။ အရက်သေစာ အလွံ့အကျွံ့သောက်သူကား ထုံထိုင်း၏။ဒေါသကြီးလွယ်၏။ မှတ်ဉာဏ်ချို့ယွင်း၏။ထိုလူကား အသုံးမ၀င် လူ့အောက်ကျသက်သက်သာ။ ကတိများစွာပေးပြီး နောက်ကွယ်မှာ ပေါ့ပေါ့တန်တန်နေသူကား ဖြစ်သလိုလုပ်တတ်၏။အနားနီးမှ ပြုလုပ်တတ်သောကြောင့် များစွာအကျိုးထိခိုက်၏။ ငွေကြေးများများပေး၍ အများချစ်ခင်အောင် ဖြားယောင်းသူကား ပိုအရေးကြီး၏။ထိုသူကား ကောက်ကျစ်သည့်အမျိုးအစားဖြစ်၏။ ပြောသည့်စကားအတိုင်း လိုက်မလုပ်နိုင်သူကား အလုပ်ကိစ္စများကို အပြီးစီးနိုင်၊အထူးသဖြင့် ဂုဏ်သိက္ခာကို ထိခိုက်နိုင်၍ ဆင်ခြင်သင့်ပေသည်။ 
 မောင်စိုင်း

No comments:

Post a Comment