 လုံခြုံရေးဆောင်ရွက်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
လုံခြုံရေးဆောင်ရွက်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)လူစုလူဝေးကို စနစ်တကျစီမံထိန်းသိမ်းနိုင်ရန် ဥရောပသမဂ္ဂ ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ၁၂ ရက်ကြာ သင်တန်းပေးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
နိုဝင်ဘာ ၁၉ ရက် နံနက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၈) ရဲတပ်ရင်းတွင် အီးယူနည်းပြ အရာရှိခုနစ်ဦးသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၀၀ အား လူစုလူဝေး စနစ်တကျစီမံထိန်းသိမ်းမှုလုပ်ငန်း (Crowed Management)သင်တန်းကို နိုဝင်ဘာ ၃၀ ရက်အထိ သင်ကြားပို့ချနေခြင်းဖြစ်သည်။
အလားတူ အရေးပေါ်အခြေအနေ တုံ့ပြန်မှုသင်တန်းကို ဥရောပသမဂ္ဂမှ ကျွမ်းကျင်ပညာရှင်သုံးဦးက ပြည်ထဲရေးဝန်ကြီးဌာနနှင့်ပူးပေါင်းကာ နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၂၁ ဦးအား နှစ်ရက်ကြာ သင်တန်းပေးခဲ့သည်။
မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေတုံ့ပြန်မှု ဗဟိုဌာန ထူထောင်နိုင်ရေးအတွက် သင်တန်းကို အင်ဒိုနီးရှားနိုင်ငံတွင် အခြေစိုက်သည့် အရေးပေါ်အခြေအနေတုံ့ပြန်မှုဗဟိုဌာန ကျွမ်းကျင်ပညာရှင် မစ္စတာ Bruno Maestracci ဦးဆောင်၍ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ (MICC)ခန်းမ၌ ဖွင့်ပွဲကျင်းပကာ သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါသင်တန်းကို ဥရောပသမဂ္ဂအဖွဲ့ အင်ဒိုနီးရှားနိုင်ငံအခြေစိုက် အရေးပေါ်အခြေအနေတုံ့ပြန်မှု ဗဟိုဌာနမှ ကျွမ်းကျင်ပညာရှင် မစ္စတာ Bruno Maestracci မှ ဦးဆောင်သင်ကြားပေးကာ အရေးပေါ်အခြေအနေတုံ့ပြန်မှု သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MICC)ခန်းမ၌ ကျင်းပခဲ့သည်။
7day Daily
 
 
 
 
 
 
No comments:
Post a Comment