Pages

Monday, March 11, 2013

မြန်မာထောက်လှမ်းရေး...


မြန်မာထောက်လှမ်းရေး...
တနေ့မှာ....ကမ္ဘာ့တွေ့ရတဲ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ် တဲ့။ ဆန်ကာတင် သုးံဖွဲ့ ကျန်တယ်။ CIA ရယ်၊ KGBရယ်၊ မြန်မာထောက်လှမ်းရေးရယ်။ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲ အနေနဲ့ တစ်ခု စမ်းသပ်လိုက်တယ်၊ တောအုပ် တစ်ခုထဲ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို သုံးဖွဲ့စလုံးက လိုက်ရှာရတယ်။

... ပထမဆုံး CIA ၀င်သွားတယ်။
... သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။ တိရိစ္ဆာန် သတင်းပေးတွေကို
နေရာအနှံ့ ချထားတယ်။ သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ ဒါပေမယ့် လုံးဝ မတွေ့ဘူး။ ရှုံးတယ်။အထူးစုံစမ်း ထောက်လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ "ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့ ရေးထားတယ်။

KGB ၀င်သွားတယ်...
သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။ မတွေ့ဘူး။ မတွေ့တဲ့ 
အဆုံးမှာ တောကို မီးရှို့ ပစ်ခဲ့တယ်။

း)) နောက်ဆုံးကျတော့ မြန်မာထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွား တာပေါ့။ သိပ်မကြာပါဘူး။ မိလာတယ်။ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ ၀က်ဝံတစ်ကောင်။ဝက်ဝံက လမ်းတစ်လျှောက်လုံး ဘာအော်လာတယ်မှတ်လဲ.. အမလေးဗျ.. ကြောက်ပါပြီဗျ..ကျနော်ယုန်ပါခင်ဗျ..မနှိပ်စက်ပါနဲ့ တော့.. ကြောက်ပါပီ
ကျနော်ယုန်အစစ်ပါခင်ဗျတဲ့ ... တဲ့.....

.ရီမောပျော်ရွင်စေလိုတဲ့....ဆန္ဒဖြင့်သာ


...အူတက်အောင်ရယ်ရသောဟာသများနှင့်အခြား...

Myanmar News Update

No comments:

Post a Comment