Pages

Thursday, February 21, 2013

ဖုန်းတွေကို Custom ROM တင်နည်း








ကျွန်တော်တို့ ဖုန်းတွေကို Custom ROM တင်နည်းလေး တစ်ခုပြောကြည့်ရအောင် နည်းကတော့ မြားမြောင်လှပါပေရဲ့ ခုပြောပေးမှာကတော့ လွယ်ကူရိုးရှင်းတာလေးကို ပြောပေးမှာပါ ဘာကြောင့် လွယ်တာပဲ ရွေးပြောရသလဲဆိုရင်တော့ ကျွန်တော့် စာဖတ်ပရိတ်သတ် တွေက အားလုံးက ပရော်ဖက်ရှင်နယ်တွေ ဖြစ်ချင်မှ ဖြစ်မှာ မို့ပါ အတန်းစားအသီးသီး က စာဖတ်ပရိတ်သတ်များ အားလုံးကို ရည်ရွယ်တာမို့ လွယ်ကူရိုးရှင်းတဲ့ နည်းကို ရွေးပြောပါတယ် ဒါက အမှားနဲအောင်ရယ် နောက်တစ်ချက်က ပထမဆုံး စာဖတ်ပြီး လုပ်ကိုင်သူ ဖြစ်ခဲ့ရင် မ၀ံ့မရဲ လုပ်ရတာ လွယ်လွယ်လေးရသွားရင် နောက်နောင် ထပ်ထပ်ပြီး လုပ်ဖို့ အင်အား တစ်ခု ရလာစေဖို့ ရည်ရွယ်ပါတယ်
ကဲ အခု ကျွန်တော် လူသုံးများပြီး နာမည်ကြီးတဲ့ Cyanogen Mod ကို တင်တာ လေး ပြောမှာပါ စိတ်ချရမှု အများဆုံး Custom ROM တစ်ခုပါ Custom ROM အကြောင်းကိုတော့ တီးခေါက်မိလောက်အောင် ကျွန်တော့်ဆိုဒ်မှာ ရှင်းပြထားပြီးပါပြီ မဖတ်ရသေးသူများ www.akarphyoe.com က မိုဘိုင်းဆိုင်ရာ မှာ ဘာလဲဟ Custom ROM ဆိုတဲ့ နာမည်နဲ့ ရေးထားပါတယ် ဖတ်ကြည့်လိုက်ပေါ့ အခုကတော့ Custom ROM ကို တင်နည်းပါ လာပါပြီနော် Custom ROM တွေက ဖုန်းအမျိုးအစား ကိုလိုက်ပြီး သီးသန့် ROM တစ်ခု စီထုတ်ပေးတာပါ ဘယ်လိုလဲဆိုတော့ Sansaung ဖုန်း တစ်ခုအတွက်ထုတ်ထားတာကို အခြား Sansaung ဖုန်း တစ်လုံးမှာ တောင် မှ အသုံး ပြုလို့ မရဘူး ဒီသဘောပါ ဒါပဲလား ဆို မဟုတ်သေးဘူးဗျ ROM Update တွေက အချိန်နဲ့ ကိုက်ညီအောင် ကို ထွက်နေတာဆိုတော့ ကိုယ့်ဖုန်းအတွက် ROM ကို http://download.cyanogenmod.com မှာ ရွေးချယ်ဒေါင်းယူ လို့ရပါတယ် ဒေါင်းရင်လဲ နောက်ဆုံးအပ်ဒိတ်ရွေးဒေါင်းပေါ့
ဒေါင်းထားတယ်မှတ်လိုက်ပြီနော် ကဲ အခု ပထမဆုံး ကျွန်တော်တို့ SD Card ကို Custom ROM မတင်မီမှာ အရင် ဖော့မက်ချထားလိုက်ပါမယ် Format ချတာကိုတော့ ကျော်မယ်နော် မလိုတော့ဘူးထင်လို့ ဖော့မက်တောင် မချတတ်သေးရင်တော့ ဒီစာကို ဖတ်နေတာ ဒီနားမှာ ရပ်ထားလိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်
နောက် ဖော့မက်ချပြီးတဲ့ အခါမှာ ခုဏဒေါင်းယူထားတဲ့ Custom ROM ရဲ့ Zip file ကို SD ကဒ်ထဲ ကူးထည့်ထားလိုက်ပါ
နောက် ROM manager လေးကို အသုံးပြုပါမယ်
ROM Manager ထဲကနေ Reboot into Recovery ကနေ Clockwork Mod Recovery ကို ၀င်ပါမယ်
နောက် Wipe data/Factory reset  အရင်လုပ်ပါ
နောက် wipe cache partition လုပ်ပါ ဒါလုပ်တာက system error တွေကို ရှောင်ချင်လို့ပါ လိုရင်းပဲပြောတာမို့ တိုတိုတုတ်တုတ်ဖြစ်နေချင်ဖြစ်နေပါမယ် အဓိကက တင်တတ်ဖို့ပဲ မဟုတ်လား လျှောက်ပြောမနေတော့ဘူးနော်
နောက် Install zip form sdcard ကို ရွေးပြီး choose zip from sdcard ကိုထပ်ရွေးပေးပါ ဒါဆို Sd card ထဲက File တွေ ဆီရောက်နေပါပြီ အဲထဲကမှ ကိုယ်ဒေါင်းပြီးထည့်ထားတဲ့ Custom ROM ရဲ့ zip file ကို ရွေးပေးလိုက်ပါ
ClockworkMod Recovery ဟာ သူ့ဘာသာသူ Run ပါလိမ့်မယ် တင်တဲ့ အချိန် ၁၀ မီနစ် ၁၂ မီနစ်ခန့်လောက်တော့ စောင့်ရပါမယ် နောက်ပြီးရင် Reboot system Now ကိုနှိပ်ပြီး Reboot ပြန်လုပ်ပေးပါ
နောက် CyanogenMod  ကို loading လုပ်ပါလိမ့်မယ် နဲနဲတော့ ကြာမယ်နော် ပထမဆုံးတက်လာရတာမို့ပါ နောက်ဆိုရင် မြန်ပါတယ်  တက်လာတဲ့ အခါမှာ CyanogenMod ကို ကိုယ့်ဖုန်းမှာ မြင်ရပါပြီ ဟိဟိ
ဒါဆို ပြီးပြီ>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
 ဒီမှာ လက်ဆောင်လေးတွေ နဲနဲ ထည့်ပေးလိုက်ပါတယ် ကလိပေါ့ဗျာ ကိုယ်မှားလို့ ကိုယ်ပျက် ရင်ကိုယ့် ပြသနာကိုယ်ရှင်းနော် ကျွန်တော်နဲ့ အဆိုင်ဘူး ကျွန်တော်က နည်းအမှန်ပြောထားပေးတာ ပေါက်ကရလုပ်ရင်တော့ ဟိဟိ ပဲ 
(arkaphyo)

No comments:

Post a Comment