Pages

Saturday, January 26, 2013

KACHIN WAR : Latest on conflict in northern Myanmar-ENGLISH


ရန်ကုန်မှာရောက်နေတဲ့ တရုတ်အစိုးရ မီဒီယာ ဖြစ်တဲ့ CCTV သတင်းထောက် ပေးပို့တဲ့ ကချင်ပြည်နယ် တိုက်ပွဲ အကြောင်းမှာ

လိုင်ဇာ ကို ကချင်ပြည်နယ် ရဲ့ မြို့တော် (the Capital of Kachin State) လို့ သုံးနှုန်းသွားပါတယ်။ ဗမာ တွေက ကချင်တွေရဲ့ မြို့တော်ထိ သွားတိုက်တယ် ပေါ့။

လောကပါလ တရား အနေနဲ့ ကြည့်မယ် ဆိုလဲ ဟုတ်နေတာပဲ။ ကချင်ပြည်နယ် ဆိုမှ ကချင်တွေ အုပ်ချုပ်တဲ့ မြို့ဟာ မြို့တော် ဖြစ်ရမှာလေ။


ဒီတခါ တိုက်ပွဲဟာ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော် တိုက်လာခဲ့တာထက် နာမည် ပိုကြီးသွားတာတော့ အမှန်ပါ။ မြစ်ကြီးနား မြို့ထက်ကို လိုင်ဇာ က ပိုနာမည်ကြီးသွားပါတယ်။

အရင်တုန်းက ဆိုရင် ကေအိုင်အို ကို အကြမ်းဖက် သောင်းကျန်းသူများ လို့ စွပ်စွဲလဲ နိုင်ငံတကာက သိပ် အတွန့်တက်မှာ မဟုတ်။ ဘာလို့လဲ ဆိုတော့ သူတို့ သိပ် မသိဘူးလေ။

အခုတော့ နိုင်ငံတကာ မီဒီယာ တွေက လိုင်ဇာကနေ တိုက်ရိုက် ထုတ်လွင့်နေတော့ ကေအိုင်အို ဟာ ကချင်ပြည်နယ် ကို ကိုယ်စားပြုနေတဲ့ အစိုးရ ဖြစ်တယ်၊ ဆိုပြီး တဖြည်းဖြည်း ပိုအသိအမှတ်ပြုလာပါတော့တယ်။

အဆိုးထဲက အကောင်းပေါ့။

 (kachin duwa )

No comments:

Post a Comment