Pages

Monday, January 14, 2013

ကေအိုင်အေတပ်ရင်း (၂၁) ဒေသသို့ စစ်လေယာဉ်များဖြင့် တိုက်ခိုက်

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း တပ်မဟာ (၃) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၂၁) ဒေသဖြစ်သော ဂျန်မိုင်၊ လဂတ်ဘွမ် ဘက်တွင် (၁၀၅မမ)၊ (၁၂၀မမ) လက်နက်ကြီးများဖြင့် စိန်လုံမှ အဆက်မပြတ်ပစ်ခတ် လာသည်မှာ (၃) ရက်ရှိလာပြီဖြစ်ကြောင်း သိရှိရပါသည်။ ဇန်န၀ါရီ (၁၃) ရက်နေ့မှ စ၍ တိုက်လေယာဉ်များ အသုံးပြုကာ ပြန်လည်း ထိုးစစ်ဆင် တိုက်ခိုက်လာကြောင်း၊ ထိုနေ့တွပင် တိုက်လေယာဉ်များဖြင့် နေ့လည်းပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ် နှစ်ကြိမ်တိုင် လာရောက်ကာ စက်သေနတ်များ၊ ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များဖြင့် လာရောက် ပစ်ခတ်သွားကြောင်း သတင်းရရှိပါသည်။ ယခုအခါ ဗမာစစ်ကြောင်းများသည် အင်အား (၂၀၀) ကျော်ဖြင့် မိုးမောက် - လွယ်ဂျယ်လမ်းပေါ်ရှိ စိန်လုံ၊ ခရာ၊ ဘန်ဝိုင်၊ ဘန်ယောင်၊ ကောင်းလောဒ့်နှင့် ယော်ယုန်ဘွမ် ဘက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
(JP kasa)

No comments:

Post a Comment