Pages

Thursday, January 17, 2013

ခယာနှင့် ဘွမ်ရဲယ်တွင် တိုက်ပွဲ ပြင်းထန်

(jp kasa) ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၂၃) နယ်မြေဖြစ်သော ခယာ နှင့် ဘွမ်ရဲယ် ဘက်သို့ ထိုးစစ်ဆင်လာသော ဗမာစစ်တပ်အင်းအား (၃၀၀) ကျော်နှင့် ကေအိုင်အေ မျိုးချစ်ရဲဘော်များ ဇန်န၀ါရီ (၁၆) ရက်နေ့ မနက် (၇း၀၀) နာရီအချိန်ခန့်မှ စ၍ တစ်နေကုန် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်ဘက်မှ စစ်တိုက် လေယာဉ်များဖြင့် ဝေဟင်မှ ပါဝင်တိုက်ခိုက်ကူညီပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်မှ ဝေဟင်မှ လေယာဉ်များဖြင့် တိုက်ခိုက်ကူညီပြီး၊ ခြေလျင်တပ်များဖြင့် အင်းအား အများအပြားအသုံးပြုကာ ကေအိုင်အေ တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ကေအိုင်အေ မျိုးချစ်ရဲဘော်များ ဘက်မှလည်း ဇာတိသွေး ဇာတိမာန်ဖြင့် ရဲရဲရင့်ရင့် ခုခံကာကွာမှုကြောင့် ဗမာအစိုးရတပ်ဘက်မှ သေဆုံး ဒဏ်ရာရမှု များပြားပြီး၊ ညနေပိုင်းတွေ ပြန်လည် တပ်ဆုတ်သွားကြောင်း သတင်းသိရှိရပါသည်။

No comments:

Post a Comment