Pages

Thursday, January 17, 2013

ကေအိုင်အေ ပြည်သူ့စစ်များ မိုင်ထောင်းရွာတွင် ခုခံတိုက်ခိုက်

ဇန်န၀ါရီ (၁၇) ဗုဒ္ဓဟူး
(jp kasa) ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေဖြစ်သော မိုင်ထောင်း ကျေးရွာအထက်တွင် ဆူယန်ဘက်မှ စစ်ပစ္စည်းများ တင်ဆောင်လာသော စစ်ယာဉ်တန်းကို လာကြိုသော ဗမာစစ်တပ် တပ်မ (၃၃) လက်အောက်မှ စစ်အင်အား (၃၀) ခန့်ကို ဇန်န၀ါရီ (၁၅) ရက်နေ့ နေ့လည် (၁၁း၃၃) နာရီခန့်တွင် ကေအိုင်အေ အထူးပြည်သူ့စစ်တပ်ဖွဲ့မှ ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာစစ်တပ်မှ မော်တော်ယာဉ် (၅၂) စီးဖြင့် စစ်လက်နက် ပစ္စည်းများ တင်ဆောင်ကာ  ကေအိုင်အေ တပ်မဟာ (၁) အုပ်ချုပ် နယ်မြေသို့  ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊ ကေအိုင်အေ ပြည်သူ့စစ် တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဗမာစစ်သား (၂) ဦးသေဆုံးပြီး၊ ကျန်ဗမာစစ်သားများလည်း ခဂရန်းဘက်သို့ ပြန်လည်း တပ်ဆုတ်သွားကြောင်း ဆက်လက် သိရှိရပါသည်။

No comments:

Post a Comment