by myitkyina
၂၀၁၂ နိုဝင်ဘာလ ၁၅ ရက်မှ ဇန်န၀ါရီလ ၁၅ ရက်အထိ ၂ လ အတွင်း
မြန်မာ့တပ်မတော်၏ ကချင်ဒေသ ထိုးစစ်ဆင်ရာတွင် စစ်အသုံးစရိတ်
ကျပ်ငွေသန်းပေါင်း ၂၆၈၃၀(သန်း) နှင့် အမေရိကန်ဒေါ်လာ ၂.၃ သန်း ရှိကြောင်း
သိရှိရသည်။ ယင်း ၂ လ အတောအတွင်း ကျဆုံးသူတပ်မတော်သား ၂၁၈ (အရာရှိ ၂၂ ဦး
ပါဝင်) နှင့် ဒဏ်ရာရရှိသူ ၇၆၄ ဦး ရှိကြောင်း သိရှိရသည်။
လေတပ်၏ အပေါ့စားတိုက်လေယာဉ်ပျက်စီး ၃ စီး၊ စစ်ရဟတ်ယာဉ် ၂ စီး
ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ၁၂၀ မမ အမြောက် ၁ လက်၊ ၁၀၅ မမ အမြောက် ၂ လက်၊
၈၁ မမ စိန်ပြောင်း ၃ လက် ပျက်စီး၊ ပျောက်ဆုံးကြောင်း နှင့် စက်လတ် ၉ လက်၊
MA အပေါ့စားသေနတ် ၁၅၂ လက် နှင့် ကျည် ၂၆၃၄၂၀ တောင့် ပျောက်ဆုံး၊ ရှုံးဆုံး
ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment