Pages

Friday, December 7, 2012

ပန်ဝါဒေသသို့ တပ်ကူထပ်ဖြည့်

ပန်ဝါဒေသတွင် မြန်မာအစိုးရစစ်တပ်နှင့် KIA အကြား ဒီဇင်ဘာလ(၁)ရက်နေ့မှစတင်ကာ တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်နေခဲ့သည်မှာ ယနေ့အထိဖြစ်သည်။ တိုက်ပွဲတွင် မြန်မာအစိုးရတပ်ရင်း ခလရ(၇၄) (၇၇) ခမရ(၃၀၁) နှင့် KIA တပ်ဖွဲ့တို့ ဖြစ်ပွားရာ အစိုးရတပ်ဖွဲ့ဘက် ထိခိုက်ကျဆုံးမှုများပြားခဲ့သည်။ ထို့ကြောင့် မြန်မာ့လေတပ်က ၀င်ရောက်ပစ်ခတ်ခဲ့အထိ ပြင်းထန်ခဲ့သည်။ ဒီဇင်ဘာလ(၄)ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မရမ်းကျေးရွာအခြေစိုက် ခလရ(၂၆၀) တပ်ရင်းအင်အားအပြည့်ကို ရဟတ်ယာဉ်(၇)ခေါက်ဖြင့် ပန်ဝါဒေသသို့ တပ်ကူပို့ဆောင်ပေးခဲ့သည်။ တပ်အင်အားတိုးမြှင့်လာသည်နှင့်အမျှ တိုက်ပွဲများပိုမိုပြင်းထန်လာမည်သာ ဖြစ်သည်။
ဒီဇင်ဘာလ(၅)ရက်နေ့တွင်လည်း ပန်ဝါဒေသသို့ ရဟတ်ယာဉ်(၅)စီး ထပ်မံရောက်ရှိကာ တပ်အင်အားနှင့် လက်နက်ခဲယမ်းများကို ပို့ဆောင်ပေးကြောင်း သိရှိရသည်။

No comments:

Post a Comment