Pages

Wednesday, December 19, 2012

ပန်ဝါဒေသ မြန်မာအစိုးရ အရေးပါတပ်စခန်းလက်လွှတ်


ဒီဇင်ဘာလ(၁၈)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်တွင် ပန်ဝါဒေသ နယ်ခြားမှတ်တိုင်(၆)အနီး ခလရ(၇၇)နှင့် ခမရ(၁၃)တပ်ဖွဲ့ဝင်များ တပ်စွဲထားသော သံချောင်းစခန်းကို KIA တပ်ဖွဲ့ဝင်များ ၀င်ရောက်သိမ်းပိုက်နိုင်ခဲ့ ကြောင်း သိရှိရသည်။ အင်အား(၁၀၀)နီးပါးရှိသော အစိုးရတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိကာ ကစင့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့ရကြောင်း သိရှိရသည်။
ယင်းတပ်စခန်းမှ ဆွီဒင်နိုင်ငံထုတ် ၈၄ မမ M-3 Carl Gustav ကျည်(၄)လုံး၊ RPG လောင်ချာဒုံးသီး(၅)လုံးနှင့် အခြားလက်နက်ကျည် အများအပြားကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။
မြန်မာအစိုးရတပ်ဖွဲ့သည် သံချောင်းတပ်စခန်းမှနေ၍ ဒုက္ခသည်စခန်းသို့ လက်နက်ငယ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသဖြင့် ဒုက္ခသည်များအတွက် လုံခြုံမှုကိုကင်းမဲ့စေသော တပ်စခန်းဖြစ်သည်။ လွန်ခဲ့သည့် စက်တင်ဘာလ ကလည်း အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် လက်နက်ကြီးကျည်ဖြင့် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ သည်။

No comments:

Post a Comment