Pages

Sunday, December 2, 2012

ခမရ(၁၅)တပ်ရင်းမှူး စစ်ဆေးခံနေရ


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မဂျီကုန်းဒေသတွင် ၂၀၁၁ ခုနှစ် မှ ၀င်ရောက်စစ်ဆင်ရေးလှုပ်ရှား နေသော တပ်မ(၉၉)လက်အောက်ခံ တပ်ရင်းများသည် အချိန်ကာလကြာမြှင့်လာပြီဖြစ်သည်နှင့်အမျှ ထိခိုက်၊ ကျရှုံး၊ တပ်ပြေးသူများပြားကာ အင်အားဖြုန်းတီးလျက်ရှိနေကြသည်။
အမှတ်(၉၉) ခြေမြန်တပ်မလက်အောက်ခံ မြင်းခြံမြို့အခြေစိုက် ခမရ(၁၅)တပ်ရင်း၏ ရှေ့တန်းထွက် စစ်ကြောင်းသည် တပ်ဖွဲ့စည်းပုံ လုံးဝပျက်စီးသွားကာ အင်အား(၃၀)ခန့်သာ ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။ (တပ်ရင်းတစ်ရင်း ရှေ့ထွက်အင်အား(၁၅၀)၊ နောက်ချန်အင်အား(၅၀)ခန့်) ထိုဖြစ်စဉ်ကြောင့် ခမရ(၁၅) ယာယီ တပ်ရင်းမှူး ဗိုလ်မှူးဟန်ရှိန် နှင့် ဒု-တပ်ရင်းမှူး ဗိုလ်မှူးရဲထွဋ်အောင် တို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တွင် စစ်ခုံရုံးဖွင့်ကာ စစ်ဆေးနေကြောင်း သိရှိရသည်။

No comments:

Post a Comment