Pages
▼
လက်နက်ကြီးပစ်ခတ်
by MKA
- ဒီဇင်ဘာလ(၅)ရက် မနက်(၂)နာရီအချိန်တွင် ဒေါ့ဖုန်းယန် ခန်းကိုင်တောင်တွင်
တပ်စွဲနေသော အမြောက်တပ်ရင်း(၃၆၇) မှ လဂျားယန်ဘက်သို့ ၁၂၀ မမ အမြောက်ဖြင့်
(၄)ကြိမ် ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။ ခန်းကိုင်တောင်နှင့်
လဂျားယန်ကျေးရွာသည် (၈)မိုင်ခန့် ကွာဝေးသည်။
- ဒီဇင်ဘာလ(၅)ရက်နေ့ ညနေပိုင်းတွင် ၀ိုင်းမော်မြို့နယ် လန်န ရေတံခွန်
(Lang Na Hka Rum)တွင် အခြေပြုနေသော တပ်မ(၈၈)လက်အောက်ခံ စလေမြို့အခြေစိုက်
ခမရ(၄၁၆)တပ်မှ KIA တပ်စခန်း ဘက်သို့ ၈၁ မမ အမြောက်ဖြင့် (၅)ကြိမ်
ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
No comments:
Post a Comment