Pages

Wednesday, December 19, 2012

မြန်မာစစ်တပ်က ဖမ်းဆီးခံရသူကို ပစ်ခတ်သတ်ဖြတ်

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ်ဖလွမ်(Nam Hpalun)ဒေသတွင် ဒီဇင်ဘာလ(၁၆)ရက်နေ့က       KIA တပ်ရင်း(၉)မှ တိုက်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဆလန်ကဘာမခေါ်ယော်(Salang Kaba Mahkaw Yaw) နှင့် အုပ်ချုပ်ရေးရုံးစာရေး တို့ကို ခလရ(၂၉၀)တပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရသော ဆလန်ကဘာ မခေါ်ယော် ကို ခလရ(၂၉၀)တပ်ဖွဲ့ဝင်များ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ အတူး အဖမ်းခံရသော အုပ်ချုပ်ရေးရုံးစာရေး မှာမူ ထွက်ပြေးလွှတ်မြောက်ခဲ့ကြောင်း သိရှိရသည်။
KIA တပ်ဖွဲ့က ဖမ်းဆီးမိသော အစိုးရတပ်ဖွဲ့ဝင်များကို ကောင်းမွန်စွာဆက်ဆံ၍ လိုအပ်သည်များကို ပံ့ပိုးပေးလျက်ရှိသော်လည်း မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးရမိသော KIA တပ်ဖွဲ့ဝင်များမှာမူ ပစ်ခတ် သတ်ခြင်းကို အစဉ်ခံနေရသည်။

No comments:

Post a Comment