အမေရိကန် သမ္မတ အိုဘားမားသည် သမ္မတ ဒုတိယ သက်တမ်း ပြန်လည် အရွေးခံရပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်၊ မြန်မာနိုင်ငံ ရန်ကုန်၊ ကမ္ဘောဒီးယားနိုင်ငံ
ဖနွမ်ပင် တို့သို့ နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း လာရောက်မည်
ဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က တရားဝင် ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏
“ဖော်ဆောင်နေဆဲ ဒီမိုကရေစီ အကူးအပြောင်း” အတွက် အားပေးမည်ဟု အိမ်ဖြူတော်
ပြောခွင့်ရပုဂ္ဂိုလ် ဂျေး ကာနီက ပြောကြားသည်။
No comments:
Post a Comment