Pages

Friday, November 16, 2012

ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ ပစ်ခတ်ခံရ


(myitkyina)KIO နှင့် မြန်မာအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ Peace-talk Creation Group (PCG) ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးခရီးစဉ်အဖြင့် ဖားကန့်ဒေသသို့ သွားရောက်ကာ လူ့အခွင့်ရေးချိုးဖောက်မှုကို ကွင်းဆင်းလေ့လာ ခြင်း၊ လူထုအား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှင်းလင်းပြခြင်းနှင့် ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာမှု အားပေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
PCG အဖွဲ့ ဖားကန့်မြို့၊ မော်မောဘွမ်ကျေးရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ရှိ ဒုက္ခသည်များကို အားပေးစကားပြောကြားနေစဉ် နိုဝင်ဘာလ(၁၄)ရက်နေ့ ညနေ(၃)နာရီအချိန်တွင် ဖားကန့်မြို့  ခလရ(၂၂၈) စစ်စခန်း တွင်  အခြေပြုသော မြောက်တပ်ရင်း (၂၀၈)မှ (၁၂၀)မမ စိန်ပြောင်းလက်နက်ကြီးဖြင့် (၈)ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment