Pages

Wednesday, September 26, 2012

ကချင်ဒေသသို့ ၈၈ အဖွဲ့ ကျပ် ၁၇၅ သိန်း လှူဒါန်း

၈၈ မျိုးဆက် ကျောင်းသားများက ၄င်းတို့၏ စေတနာဝသန် ဂီတ ရန်ပုံငွေပွဲ ရရှိငွေများထဲမှ ကျပ် ၁၇၅ သိန်း လှူဒါန်းရာ ကချင် နှစ် ချင်း ခရစ်ယာန် အသင်းတော်ချုပ်က ကျပ် သိန်း ၅၀၊ မြစ်ကြီးနား ကက်သလစ် အသင်းတော်က ကျပ် သိန်း ၅၀၊ ကချင်ပြည် နယ် လွှတ်တော် ကိုယ်စားလှယ်တဦးက ပူတာအိုဒေသအတွက် ကျပ် ၂၅ သိန်း အသီးသီး လက်ခံရယူကြောင်း သတင်းရသည်။ မြစ်ကြီး နားမြို့ မနောကွင်းတွင် စက်တင်ဘာ ၁၅ ရက်နေ့က ကျင်းပသည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာ ဟောပြော ပွဲတွင် လှူဒါန်းခြင်း ဖြစ်ပြီး ဖားကန့်နှင့် မိုးကောင်း ခရီးစဉ်အတွင်း နောက်ထပ် အလှူငွေ ကျပ် ၂၅ သိန်းကိုလည်း ဆက်လက်လှူဒါန်း ကြောင်း သိရသည်။( ဧရာဝတီ )

No comments:

Post a Comment