Pages

Tuesday, August 14, 2012

ကချင်လူငယ်များ ဖမ်းဆီးစစ်ဆေးခံရ(myitkyina.blog)

မြန်မာအစိုးရသည် KIA ကို အရှိန်မြှင့်စစ်ဆင်ရေးပြုလုပ်ရန် ပြင်ဆင်လာပြီဖြစ်၍ မြို့ပေါ်၊ ရပ်ကွက် ခရီးသွားလာသူများကို တင်းတင်းကြပ်ကြပ် စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများကို ပြန်လည်လုပ်ဆောင်    လာလျက် ရှိသည်။
ကချင်လူမျိုးများနေထိုင်သော ရပ်ကွက် ကို ပိုမိုတင်းကြပ် စစ်ဆေးမှုပြုလုပ်ကာ ကချင်လူငယ်များကို ဖမ်းဆီးမှုပြုလုပ်နေကြောင်း သိရှိရသည်။ သြဂုတ်လ(၇)ရက်နေ့ မနက်မိုးမလင်းမီ၊ တပ်ကုန်းရပ်ကွက် မှ ကချင်လူငယ် တန်ဂွန်း ကို အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
ကချင်ရပ်ကွက်၊ ကချင်လူမျိုးကိုသာ အဓိကဦးတည်စစ်ဆေး၊ ဖမ်းဆီးမှုပြုလုပ်နေခြင်းဖြင့် ဦးအောင်မင်း လုပ်ဆောင်နေသော တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းသည် အရာမထင်ဖြစ်နေရကြောင်း ဒေသခံများ ဝေဖန်ပြောဆိုလျက်ရှိသည်။

No comments:

Post a Comment