Pages

Thursday, August 9, 2012

ဆန်ပြတ်နေတဲ့ ပူတာအို သစ်ဖုသစ်ဥများ ပြုတ်စားနေရ(irrawaddy)

ကျော်ခ ~

ပူတာအိုမှာ ဆန်မရှိလို့ မျှစ်ကို အစားထိုး

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ဆန်ပြတ်လတ်နေတာ တစ်လကျော်ကြာမြင့်ခဲ့ပြီးတဲ့နောက် ဆင်းရဲသား အချို့ကတော့ မျှစ်၊ ပိန်းဥနဲ့ ငှက်ပျော်ဖူးတွေကို ချက်ပြုတ်စားသောက် နေရတဲ့ အခြေအနေကိုရောက်နေ ပါတယ်။

ဆန်အစား သစ်ဥ သစ်ဖုတွေကို အခုလို ရှာစားနေကြရပြီ

၂၀၁၁ ဇွန်လကတည်းက အစိုးတပ်တွေနဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် ပူတာအိုကို ဆက်သွယ်ထားတဲ့ အဓိက တံတားတွေလည်း ချိုးခံထားရသလို အစိုးရက ဖောက်ထားတဲ့ လမ်းလွှဲတွေကလဲ မိုးတွင်းရေကြီးတဲ့အထဲမှာ နစ်မြှုပ် ပျက်စီး ကုန်တဲ့အတွက် ကုန်းလမ်းခရီးစဉ်က ကူးသန်းသွားလာလို့မရတော့ ပါဘူး။
ကြံ့ခိုင်ရေးက ဆန်ရောင်းပေးနေလို့ တန်းစီ ၀ယ်စားနေကြတဲ့ ပူတာအိုလူထု
ဆန်ပြတ်လက်နေတဲ့ ပူတာအိုမှာ ဒေသခံတွေတင် ဒီဒဏ်ကိုကြုံတွေ့နေရတာတင်မဟုတ်ပဲ အစိုးရ တပ်မတော်တပ်ရင်းတွေနဲ့ ဒီမြို့နယ်မှာ တာဝန်ကျနေတဲ့ အခြားအစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေလဲ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။


ဒါကြောင့်ပြီးခဲ့တဲ့ဇူလိုင်လ၂၄ ရက်နေ့ကတော့ ဒေသခံတိုင်းရင်းသားတွေနဲ့ အစိုးရဝန်ထမ်းတွေ အတွက် ဆန် ၇၃၀ အိတ်၊ စားသုံးဆီ ၄ ပီပါ၊ ဆား ၂၅၀ ပိဿာ၊ ကြက်သွန် ၈၀၀ ပိဿာ အပါအဝင် အခြားစားသောက် ကုန်ပစ္စည်းတွေနဲ့ စာရေး ကိရိယာ တွေကို တပ်မတော်လေ Y-8 လေယာဉ်နဲ့ ကူညီပံ့ပိုးပေးခဲ့ကြောင်း အစိုးရအာဘော် မြဝတီ သတင်းစာ အင်တာနက် Facebook စာမျက်နှာမှာ ဇူလိုင်လ ၂၆ ရက်နေ့ က ဖော်ပြထားတာကို တွေ့ရပါတယ်။


ဒေသခံတွေအတွက် ခွဲတမ်းကျ ဆန်တွေကိုတော့ ဒေသအခြေစိုက် ကြံ့ခိုင်ရေးပါတီက လူတဦးကို နို့ဆီဗူး ၄ လုံး၊ ကျပ် ၅၀၀ နှုန်းနဲ့ ရောင်းချပေးပေမယ့် လုံလောက်တဲ့အနေအထားထိရောင်းချမပေးနိုင်တော့ဘူးလို့ ပူတာအိုမြို့ပေါ်မှာ ရောက်ရှိနေတဲ့ တိုင်းရင်းသား သတင်းထောက်တဦးက ပြောပါတယ်။
ဆန်ရရေး တန်းစီနေကြတဲ့ ပူတာအို ဒေသခံများ

ဆန်ပြတ်လပ်မှုပြဿနာဟာ နောက်ထပ် ၂ လလောက်ထိထပ်မံကြုံတွေ့နေရမည်ဆိုရင်တော့ လတ်တလော ဆန်ကို ခြွေတာပြီး ပြုတ်သောက်နေရသူတွေဟာ သစ်ဥသစ်ဖုတွေ ချက်ပြုတ်စားရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ရနိုင်သလို ဆန်တွေကို ဝယ်ပြိး သိမ်းထားတဲ့ လူကုန်ထန် သူဌေးတွေလည်း ဆန်ပြတ်လပ်မှု ကြုံတွေ့ လာရလိမ့်မယ်လို့ဆိုပါတယ်။

ဒါကတော့ မြဝတီ Facebook မှာတင်ထားတဲ့ ထောက်ပံ့ရေး သတင်းလင့်ပါ။

No comments:

Post a Comment