Pages

Tuesday, July 31, 2012

အစိုးရစစ်သားများ စိတ်ဓါတ်ကျဆင်းမှုများလာ(myitkyina.blog)

ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်ရန် ဆန္ဒမရှိတော့သည် အစိုးရစစ်သားများသည် တပ်စခန်းမှ စွန့်ခွာထွက်ပြေးလျက်ရှိသည်။ ဇူလိုင်လ(၂၀)ရက်နေ့တွင် ခလရ(၂၃၇)မှ တပ်သား စောကြည်ခိုင် သည် လက်နက်နှင့်တစ်ပါတည်း KIA တပ်မဟာ(၃) ရှေ့တန်းတပ်စခန်းသို့ ၀င်ရောက်အဖမ်းခံခဲ့ကြောင်း သတင်းရရှိသည်။
ရှေ့တန်းရောက် အစိုးရတပ်သားများသည် စိတ်ဓါတ်ကျဆင်းနေလျက်ရှိကာ အခွင့်သာတိုင်း တပ်စခန်း မှ ထွက်ပြေးလျက်ရှိသည်။ အထက်အရာရှိများ၏ ညှင်းဆဲခြင်း၊ အစားအသောက် ဆင်းရဲခက်ခဲခြင်း နှင့် ကျန်းမာရေး ချို့တဲ့မှုများစွာ ခံစားနေကြရကာ အဓိပ္ပါယ်မရှိသောတိုက်ပွဲကို မဆင်နွဲလိုသဖြင့် ယခုကဲ့သို့ တပ်သားဘ၀မှ စွန့်ခွာရခြင်းဖြစ်ကြောင်း အဆိုပါ တပ်သားက ပြောဆိုကြောင်း သိရှိရသည်။

No comments:

Post a Comment