Pages

Tuesday, July 31, 2012

တပ်ပြေးကြောင့် ရွာလူကြီး ဖမ်းဆီးခံရ(myitkyina.blog)

မိုးမောက်မြို့နယ် ဂျခန်းဒပ်ကျေးရွာတွင် အခြေပြုလှုပ်ရှားနေသော ခလရ(၂၃၇)တပ်ဖွဲ့ဝင်တို့သည် ဂျခန်းဒပ်ကျေးရွာလူကြီး ဦးမရန်နော်ဘောက် အား ဇူလိုင်လ(၂၆)ရက်နေ့တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
ခလရ(၂၃၇)တပ်ဖွဲ့ မှ စစ်သား(၂)ဦးသည် လက်နက်နှင့်အတူ တစ်ပါတည်း တပ်မှထွက်ပြေးသွားသည့် ဖြစ်စဉ်ကြောင့် ရွာလူကြီးကို စစ်ဆေးမေးမြန်းရန် လာရောက်ခေါ်ဆောင်ရခြင်း ဖြစ်နိုင်ကြောင်း ရွာသားများ ခန့်မှန်းပြောဆိုကြသည်။
အစိုးရစစ်သားများ စိတ်ဓါတ်ကျဆင်းကာ တိုက်ပွဲဝင်ရန် ဆန္ဒမရှိဘဲ ထွက်ပြေးမှုဖြစ်စဉ်ပေါ်ပေါက်တိုင်း နီးရာရွာသားများအား ဖမ်းဆီးကာ ညှင်းဆဲရိုက်နှက် စစ်ဆေးနေကြကြောင်း သိရှိရသည်။

No comments:

Post a Comment