Pages

Friday, July 27, 2012

ဘယ်သူ့အတွက် တပ်မတော်လဲ ???(irrawaddy)

ဓာတ်ပုံ- Kachin Duwa's facebook
တပ်မတော်သည် ပြည်သူ့အတွက်လား၊ ပြည်သူသည် တပ်မတော်အတွက်လား ဆိုတာ ဖေ့စ်ဘွတ်စာမျက်နှာ တခုဖြစ်တဲ့ Kachin Duwa က ဖော်ပြထားတဲ့ ဒီဓာတ်ပုံက အဖြေပေးနေပါတယ်။

ဒီဓာတ်ပုံကတော့ ၂၀၀၄ ခုနှစ်က ဓာတ်ပုံလည်းဖြစ်ပါတယ်။ အခုထိ ဒီလို အကျင့်တွေ ရှိနေသေးတယ်ဆိုရင်
တော့ တပ်မတော်ဆိုတာနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောတာကို သတိပေးလိုပါတယ်။

တချိန်က တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့တာကတော့ ပြည်သူ့အတွက် တပ်မတော် ပဲ ဖြစ်ရမယ်။ တပ်မတော် အတွက် ပြည်သူဆိုတာ မဖြစ်ရဘူး။ ပြည်သူတွေ မျက်ရည်ကျစေတဲ့ တပ်မတော် မဖြစ်ဖို့ သတိပေး စကားတွေပြောခဲ့တာ အားလုံး သတိရနေမှာပါ။

တကယ်ဆိုရင် တပ်မတော်ဆိုတာ ပြည်သူတွေရဲ့ ရင်ခွင်ထဲက မွေးဖွားလာတာသာဖြစ်ပါတယ်။ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ပါဘဲ။

မြန်မာနိုင်ငံမှာ စစ်တပ်က နှစ်ပေါင်းများစွာ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေခဲ့တာဟာ အခုအချိန်အထိ အရှိန်မသေ သေးပါဘူး။ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ် လှမင်းကတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
တွေ ဖော်ဆောင်နေပြီဖြစ်တဲ့ အနာဂတ် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချသွားမှာဖြစ် တယ်လို့ ပြောဆိုထားပါတယ်။

No comments:

Post a Comment