Pages

Friday, July 20, 2012

ဒုက္ခသည်များကို ဦးဇခုန်တိန့်ယိန်း စည်းရုံး


ဒုက္ခသည်များကို ဦးဇခုန်တိန့်ယိန်း စည်းရုံး

july 19 c အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်းသည် ဇူလိုင်လ(၁၉)ရက်နေ့တွင် နယ်ခြား မှတ်တိုင်(၆) တရုတ်နိုင်ငံဘက်ခြမ်းတွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များကို လာရောက်တွေ့ဆုံ ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ သွားရောက်ရာတွင် တရုတ်အစိုးရ လုံခြုံရေးအဖွဲ့ဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
ဦးဇခုန်တိန့်ယိန်း မှ ဒုက္ခသည်များကို ပြောဆိုရာတွင် ဒုက္ခသည်အားလုံး(၃)ရက်အတွင်း ပန်ဝါမြို့သို့ အမြန်ဆုံးပြောင်းရွှေ့ရန်၊ လိုအပ်သည့်အကူအညီကို ပံပိုးပေးမည်၊ စီးပွားရေးလုပ်ငန်းအတွက် ရင်းနှီးငွေ ထုတ်ပေးမည် ဖြစ်ကြောင်း စည်းရုံးပြောဆိုခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ပြောဆိုမှုကို ဒုက္ခသည်များလက်ခံကြကြောင်း၊ အစိုးရစစ်တပ်နှင့် နယ်ခြားစောင့်တပ်များရှိသည့် ဒေသသို့ မသွားလိုကြောင်း၊ စစ်ပွဲပြီးဆုံးသွားလျှင် မိမိတို့၏နေရပ်ဒေသ ဖရဲရွာသို့သာ ပြန်မည် ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

မေလ(၁၅)ရက်နေ့တွင် ဦးဇခုန်တိန့်ယိန်း၏ ညွှန်ကြားချက်ဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တရုတ်နယ်နမိတ်သို့ ၀င်ရောက်ကာ နယ်ခြားမှတ်တိုင်(၆)ရှိ ဒုက္ခသည်စခန်းကို နောက်ကြောဖက်မှ ပစ်ခတ်မှု ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ပြုလုပ်ရန် ညွှန်ကြားခဲ့သူမှာ ဦးဇခုန်တိန့်ယိန်း ဖြစ်ကြောင်း၊ ဒုက္ခသည်များသိရှိပြီး ဖြစ်သည်။ ယင်းဖြစ်စဉ်၏ နောက်ပိုင်းမှစ၍ ဒုက္ခသည်များ တရုတ်နိုင်ငံ ဘက်ခြမ်းသို့ ၀င်ရောက်ခဲ့ကြသည်။ ယခုအချိန်တွင် ဒုက္ခသည် ဦးရေ(၆၀၀)ကျော် သည် တရုတ် နယ်နမိတ်အတွင်း ခိုလှုံနေကြရသည်။

No comments:

Post a Comment