Pages

Tuesday, July 10, 2012

ရှေ့တန်းရောက် တပ်မတော်သားများ အစာအဆိပ်သင့်၍ သေဆုံး



ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားများသည် စားနပ်ရိက္ခာပြတ်လတ်သဖြင့် တွေ့ရာမြင်ရာကို ချက်ပြုတ်စားသောက်သဖြင့် အစာအဆိပ်သင့်မှုများကို မကြခဏဖြစ်ပျက်လျက် ရှိကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်၊ ဂါးရာယန်ရွာတွင် အခြေချသော တပ်မ(၈၈)လက်အောက်ခံ မြန်မာ့တပ်မတော် သားများသည် ဒညင်းသီးနှင့် အသားဗူးကို ရော၍ ချက်ပြုတ်စားသောက်သဖြင့် အစာအဆိပ်သင့်ကာ ဇူလိုင်လဆန်းပိုင်းက တပ်သား(၅)ဦးမှာ ချက်ချင်းသေဆုံးသွားကာ၊ ကျန်(၂၀)ဦးခန့်မှာ အရေးပေါ် ကုသခံရလျက် ရှိသော်လည်း ၎င်းထဲမှ သေဆုံးနိုင်သူပါဝင်သေးကြောင်း သိရှိရသည်။
ဂါးရာယန်ကျေးရွာတွင် ဒညင်းခြံ အများအပြားရှိသည်။ ရွာသားများအားလုံး ဒုက္ခသည်များအဖြင့် အခြားဒေသများတွင် မှီခိုနေကြရသည်။ ရှေ့တန်းရောက် တပ်မတော်သားများသည် ရွာသားများ၏ အိမ်၊ ခြံ တို့မှ ရာသီပေါ်သစ်သီးများကို အလျှံအပယ်ခူးယူ စားသောက်လျက် ရှိသည်။
မေလ နှင့် ဇွန်လ အတွင်းတွင်လည်း မြန်မာ့တပ်မတော်သားများ မှိုအဆိပ်သင့်၍ ဗိုလ်ကြီးအဆင့် တစ်ဦး အပါအ၀င် (၁၀)ဦးကျော် သေဆုံးမှု ရှိခဲ့သေးသည်။

No comments:

Post a Comment