Pages

Sunday, July 22, 2012

ခရီးသွားပြည်သူမှငွေ အဓ္ဓမသိမ်းယူ



မိုးမောက်မြို့နယ်၊ ကျောက်စခန်းကျေးရွာတွင် အခြေပြုလှုပ်ရှားနေသော ခမရ(၆၀၂) မှ တပ်ဖွဲ့ဝင်များ သည် ခရီးသွားပြည်သူများကို စစ်ဆေးမေးမြန်းကာ ငွေကြေးစစ်ဆေးတွေ့ရှိပါက သိမ်းယူနေကြ ကြောင်း သိရှိရသည်။
ဇူလှိုင်လ(၁၇)ရက်နေ့တွင် ကျောက်စခန်းကျေးရွာမှ ဖြတ်သန်းသွားသော ကုန်သည် ဦးမရန်လ ထံမှ ကျပ်ငွေ(၂)သိန်း နှင့် ကုန်သည် ဦးလုဂင်ထံမှ ကျပ်ငွေ(၃)သိန်း (၈)သောင်း ကို အဓ္ဓမခြိမ်းခြောက် သိမ်းယူခဲ့သည်။
မြန်မာအစိုးရတပ်ဖွဲ့ဝင်များသည် ထိုကဲ့သို့ ငွေကြေးတောင်းယူခြင်း၊ တန်ဖိုးရှိလက်ဝတ်အသုံးအဆောင် များကို လုယက်ယူငင်ခြင်းကို အခွင့်သာတိုင်း လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

No comments:

Post a Comment