Pages

Tuesday, July 10, 2012

ကလေးငယ်များကို မိုင်းရှင်းကိရိယာအဖြစ်သုံး


မြန်မာ့တပ်မတော် စစ်ကြောင်းသည် ရွာသားများကိုဖမ်းဆီးကာ လမ်းပြအဖြစ်၎င်း၊ မိုင်းရှင်းကိရိယာ အဖြစ်၎င်း အသုံးပြုလျက်ရှိသည်။
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲကျေးရွာတွင် ရောက်ရှိနေသော ခမရ(၃၈၂)စစ်ကြောင်းသည် ဖရဲရွာ မှ ကလေးလူငယ်(၃)ဦး(၁၂-နှစ် မှ ၁၃-နှစ် ကြားရှိ)ကို ဇူလိုင်လ(၃)ရက်နေ့တွင် မိုင်းရှင်းကိရိယာအဖြစ် စစ်ကြောင်း၏ရှေ့မှ အတင်းလျှောက်ခိုင်းခဲ့ရာ၊ မိုင်းပေါက်ကွဲ၍ ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ မိုင်းပါက်ကွဲသံကြားသည်နှင့် ခမရ(၃၈၂)တပ်ဖွဲ့သည် ၎င်းကလေးများထံသို့ လက်နက်ဖြင့် ချိန်ရွယ် ပစ်ခတ်သဖြင့် ကလေးတစ်ဦးက သေနတ်ဒါဏ် ထပ်မံရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းကလေးငယ်(၃)ဦးကို KIA တပ်ဖွဲ့မှ ကာပစ်ပစ်၍ ကယ်ဆယ်နိုင်ခဲ့ပြီး ယခုအချိန်တွင် KIA နောက်တန်း ဆေးခန်းတွင် အရေးပေါ်ကုသခံယူနေရကြောင်း သတင်းရရှိသည်။

No comments:

Post a Comment