Pages

Friday, June 1, 2012

KIO နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီ အလွတ်သဘော တွေ့ဆုံ




အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုယ်စားလှယ်အဖွဲ့တို့ ဟာ ဒီကနေ့ ဇွန်လ (၁) ရက်နေ့ ကချင်ပြည်နယ် လွယ်ဂျယ်ဒေသမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေ သဘောတူညီချက်ရဖို့အတွက် ဒီတွေ့ဆုံပွဲမှာ ကြိုတင် ညှိုနှိုင်း ဆွေးနွေး ကြမှာဖြစ်တယ်လို့ KIO အရာရှိတဦးက RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့  မေလ (၂၁) ရက်နေ့ ကလည်း KIO အထွေထွေ အတွင်းရေးမှူး
ဒေါက်တာလဂျာ ဦးဆောင်တဲ့ အဖွဲ့နဲ့ ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မြို့မှာ အလွတ် သဘော တွေ့ဆုံခဲ့ကြပါတယ်။

ဒီအတောအတွင်း ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့
မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွား နေတာကြောင့် ကျောက်စိမ်း
တူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို
ပြောင်းရွှေ့ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားကြောင်း သိရပါတယ်။

(ဓာတ်ပုံ-RFA- KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် မတ်လဆန်းပိုင်းက တွေ့ဆုံခဲ့သည့် မှတ်တမ်းပုံ ဖြစ်ပါသည်။)

No comments:

Post a Comment