Pages

Wednesday, June 20, 2012

KIA တပ်သားတစ်ဦး ခမရ(၄၁၆) တပ်စခန်းသိမ်းပိုက်နိုင်ခဲ့



june 20 ခမရ(၄၁၆)တပ်ဖွဲ့များ ၀င်ရောက်စခန်းချနေသော ၀ိုင်းမော်မြို့နယ်၊ လဖိုင်၏ ရှေ့တန်းစခန်းတစ်ခုကို ဇွန်လ(၁၈)ရက်နေ့ ညအချိန်တွင် KIA တပ်ရင်း(၃)မှ တပ်သား မခေါ်အောင် (Mahkaw Aung) သည် တစ်ဦး တစ်ယောက်တည်း ၀င်ရောက်ပစ်ခတ်သိမ်းပိုက် ပြုလုပ် နိုင်ခဲ့ကြောင်း သိရသည်။ တပ်သား မခေါ်အောင်မှ စခန်းအတွင်းအထိ ၀င်ရောက်ပစ်ခတ်သဖြင့် ခမရ(၄၁၆) မှ ရဲဘော်(၁)ဦး ကျဆုံးပြီး ထိခိုက်ဒါဏ်ရာရသူများလည်း များပြားကြောင်း သိရှိရသည်။ ခမရ(၄၁၆) တပ်ဖွဲ့ဝင်အားလုံး စခန်းမှ ကိုယ်လွတ်ထွက်ပြေးခဲ့ကြကြောင်းနှင့် ခမရ(၄၁၆)တပ်ဖွဲ့များ၏ လက်နက် ခဲယမ်းများ၊ မြေမြုပ်မိုင်းနှင့် ရိက္ခာအချို့ကို သိမ်းဆီးနိုင်ခဲ့ကာ၊ KIA တပ်စခန်းသို့ အထိအခိုက်မရှိဘဲ ပြန်ရောက်လာခဲ့ကြောင်း သတင်းရရှိသည်။ တပ်သား မခေါ်အောင် တစ်ဦးတည်းသာ လျှက်တပြက် ၀င်ရောက်စီးနှင်းခဲ့သဖြင့် အခြားသော စစ်အသုံးအဆောင်ပစ္စည်းများကို မသယ်ယူနိုင်ခဲ့ချေ။
၎င်းစခန်းသည် ယခင်က KIA ၏ ရှေ့တန်းစခန်းဖြစ်ပြီး မြန်မာ့တပ်မတော်မှ သိမ်းပိုက်ကာ ခမရ(၄၁၆)မှ တပ်စွဲထားသော စခန်းဖြစ်ကြောင်း သိရှိရသည်။ ယင်းစခန်းသည် မြစ်ကြီးနား၊ ကန်ပိုင်တီကို ဆက်သွယ်ထားသော ကုန်သွယ်ကူးလမ်းမပေါ်တွင် တည်ရှိသည်။

No comments:

Post a Comment