Pages

Friday, June 22, 2012

ကားမိုင်းဒေသတွင် တိုက်ပွဲဖြစ်



ကားမိုင်းမြို့၊ နမ်ယာတွင် အခြေချထားသော ခလရ(၂၇၂)တပ်ဖွဲ့နှင့် ဇွန်လ(၂၀)ရက်နေ့ (၁၁)နာရီခန့် တွင် မအူပင်ကျေးရွာနှင့် နမ်ယာကြား KIA တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်သား (၃)ဦး ဒါဏ်ရာရရှိသွားကြောင်း သိရသည်။
ယင်းနေ့မှာပင် ခလရ(၂၇၂)တပ်ရင်းမှ အခြားတပ်ဖွဲ့တစ်ဖွဲ့နှင့် KIA တပ်ရင်း(၆)တို့ မနော်မော်၌ တိုက်ပွဲထပ်မံဖြစ်ပွားရာ ခလရ(၂၇၂)တပ်ဖွဲ့ဝင်(၆)ဦး ကျဆုံးပြီး အခြား(၆)ဦး ထိခိုက်ဒါဏ်ရာရရှိသွား ကြောင်း သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနက ဖားကန့် ကျောက်တူးဖေါ်မှုလုပ်ငန်းအားလုံးကို ရပ်ဆိုင်းပြီးသည့်နောက်ပိုင်း တွင် အစိုးရစစ်တပ် အများအပြားကို ကားမိုင်းလမ်းကြောင်းဖြင့် ဖားကန့်ဒေသသို့ ပို့လွှတ်လျက်ရှိ ကြောင်း သိရှိရသည်။

No comments:

Post a Comment