Pages

Saturday, June 23, 2012

ကချင်ပြည်နယ် ကျေးလက်ဒေသနေ တိုင်းရင်းသားပြည်သူများ ဖွံ့ဖြိုးရေး ရန်ပုံငွေပဒေသာကပွဲ



မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပခဲ့တဲ့ ကချင်ပြည်နယ် ကျေးလက်ဒေသနေ တိုင်းရင်းသားပြည်သူများ ဖွံ့ဖြိုးရေး ရန်ပုံငွေပဒေသာကပွဲကို ဇွန် ၁၅၊ ၁၆ရက်နေ့၊ ည၇နာရီမှစတင်ကာ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ အနုပညာရှင်အမြောက်အမြားနဲ့ ဖျော်ဖြေတင်ဆက် ကပြခဲ့ပါတယ်။ ဒါရိုက်တာ ကျော်ဇော လင်း(အတွေးပုံရိပ်)ရဲ့ တီထွင်ဆန်းသစ်ပုံဖော်မှုတွေ ဖြစ်တဲ့ ဒေးကလပ်ဆိုတဲ့ ဟာသပြဇာတ်နဲ့ ပြည်ထောင်စုနှလုံးသား အငြိမ့်များကလည်း ပရိသတ်ရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့ပါတယ်။ ပါဝင်ကြတဲ့ နာမည်ကျော် သရုပ်ဆောင်တွေရဲ့ အမူအရာဆန်းသစ်မှုတွေနဲ့ လူရွှင်တော်တွေရဲ့ အနုပညာမြောက်တဲ့ ပြက်လုံးဟာသ ဥာဏ်တွေ ကောင်းမွန်ကြတာက တစ်ကြောင်း၊ အကယ်ဒမီဂီတမှူး ဦးခင်မောင်ကြီးရဲ့ ဂီတအဖွဲ့ဝင်တွေ    တီးခတ်မှု၊ လက်ရာမြောက်ကောင်းမွန်မှု တွေကြောင့်လည်း ဒီကပွဲကြီး အောင်မြင်စွာနဲ့ပြီးစီးခဲ့တာလို့ဆိုရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ကုန်ဆုံးမှန်းမသိကုန်ဆုံး စေနိုင်ခဲ့တာကလည်း အနုပညာရှင်များ အားလုံးရဲ့ စည်းလုံးညီတ်စွာနဲ့ တေးဆိုဖျော်ဖြေရေး အစီအစဉ်၊ တေးသရုပ်ဖော်အစီအစဉ်၊ ဟာသပြဇာတ်နဲ့အငြိမ့် အစီအစဉ်တစ်ခုချင်းစီမှာ ဟာကွက်မရှိ  ပရိသတ် မငြီးငွေ့အောင် အလှည့်ကျဖျော်ဖြေရင်း အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တဲ့ ဖျော်ဖြေရေးနေ့ရက် နှစ်ရက်ဖြစ်တည်ခဲ့ပါတယ်။ ရုပ်ရှင်အစည်း အရုံးကနေ ကပြပြုလုပ်ခဲ့တဲ့ ရန်ပုံငွေပွဲတွေ ထဲမှာတော့ အခုလုပ်ခဲ့တဲ့ ရန်ပုံငွေပွဲက တော့ အနုပညာရှင်အများဆုံး ပါဝင်ဖျော် ဖြေခဲ့တဲ့ ရန်ပုံငွေပွဲလေးတစ်ပွဲလို့ ဆိုရမှာ လည်းဖြစ်ပါတယ်။ နာမည်ကျော် သရုပ် ဆောင်များဖြစ်ကြတဲ့လူမင်း၊ မင်းမော် ကွန်း၊ ပြေတီဦး၊ ဖြိုးငွေစိုး၊ အောင်ရဲလင်း၊ ရန်အောင်၊ရဲအောင်၊ မေသန်းနု၊ မေသဉ္ဇာဦး၊ လင်းဇာနည်ဇော်၊ အေးမြတ်သူ၊ မိုးဟေ ကို၊ ချစ်သုဝေ၊ စန္ဒီမြင့်လွင်၊ ရတနာမိုင်၊ အေသင်ချိုဆွေ၊ ဟိန်းဝေယံ၊ ထွန်းထွန်း (Examplez)၊ စိုင်းစိုင်းခမ်းလှိုင်၊ နန္ဒ၊ မိုးမိုး၊ ဖိုးသောကြာ၊ ဟက်ကက်၊ မိုးယံဇွန်၊ မင်းရာဇာ၊ စိုးရန်အောင်၊ မိုးအောင်ရင်စတဲ့ အနုပညာရှင်များအပါအဝင် အနုပညာရှင်၊ အတတ်ပညာရှင်များ အယောက် ၁ဝဝကျော် ပါဝင်ဖျော်ဖြေပေးခဲ့တဲ့ ရန်ပုံငွေပွဲ တစ်ပွဲလည်းဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို ပြန်လည်ဖွဲ့စည်းပြီးနောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေနဲ့ ပထမဦးဆုံးပြုလုပ်ခဲ့တဲ့ ရန်ပုံငွေပဒေသာ ကပွဲတစ်ခုလည်းဖြစ်ပါတယ်။
ထက်လူလူ

No comments:

Post a Comment