Pages

Wednesday, June 20, 2012

က၀ါးပန်ရွာအား ဖျက်သိမ်းပြီး အတင်းအဓ္ဓမ ရွှေ့ပြောင်းခိုင်း



june 20 c ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်၊ က၀ါးပန်ကျေးရွာမှ ရွာသားများကို အတင်းမောင်းထုတ်လျက် ရှိသည်။ က၀ါးပန်ကျေးရွာကို ဖျက်သိမ်းရန်နှင့် ရွာသားအားလုံး ရွာမှအမြန်ထွက်ခွာရန် သတိပေး ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။ အမိန့်မနာခံသူများကို ပစ်ခတ်သွားမည်ဖြစ်ကြောင်းလည်း ပြောဆိုထားကြသည်။
ရွာသားများသည် မိုးရာသီဝင်ရောက်လာပြီဖြစ်၍ အချိန်တိုအတွင်း အခြားဒေသသို့ ထွက်ခွာရန် လွန်စွာခက်ခဲလျက်ရှိသည်။ က၀ါးပန်ကျေးရွာသည် ယခုမှပေါ်လာသော ကျေးရွာမဟုတ်ပဲ၊ ရှေး လွန်ခဲ့သည့်နှစ် ဆယ်စုနှစ်ချီ၍ တည်ထားသောရွာ ဖြစ်သည်။ ရွာသားများသည် တောင်ယာစပါး စိုက်ပျိုးပြီးစ ဖြစ်သည်သာမက အခြား တနိုင်တပိုင် ခြံ၊ ယာ၊ မွေးမြူရေးလုပ်ငန်းများကိုလည်း လက်ငင်း ချက်ချင်းပြောင်းရွှေ့ရန် မဖြစ်နိုင်ကြချေ။ အချို့သော ရွာသားများသည် တောတောင်သို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
သို့သော် ရွာသားများဘက် ရပ်တည်၍ ကာကွယ်ပြောဆိုကြမည့်သူများလည်း မရှိကြောင်း သိရှိရသည်။ ဆွမ်ပရာဘွမ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များလည်း ယင်းကိစ္စကို မကြား၊ မသိဟန် ပြုနေကြ သည်။
ဤကဲ့သို့ ကျေးရွာများကို အတင်းအဓ္ဓမ ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်း၊ ရွာမီးရှို့ခြင်း တို့ကို မြန်မာ့ တပ်မတော်သည် ကချင်ဒေသတခွင်တွင် ရာစုနှစ်တ၀က်ခန့်ကြာအောင် ပြုလုပ်နေခဲ့သည်။ ဤကဲ့သို့ ပြုမူသဖြင့် ကချင်စစ်ပြေးဒုက္ခသည်စာရင်း တိုးပွားလျက်ရှိနေသည်။

No comments:

Post a Comment