Pages

Thursday, June 14, 2012

ရန်ကုန်မြို့ ဗြိတိသျှသံရုံးရှေ့ ဆန္ဒပြပွဲ


Thursday, June 14, 2012  zarny win                                              မေစစ်ပိုင် နှင့် ဂျူးအယ် ရေးသား၊ ပေးပို့သည်)



(ဓာတ်ပုံများ - ဧရာဝတီ)

ရခိုင်ဒေသမငြိမ်မသက်မှုများနဲ့ ပတ်သက်ပြီး ပြည်ပအဖွဲ့အစည်းတချို့ကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတခု ဒီမနက် ရန်ကုန်မြို့ ဗြိတိသျှသံရုံးရှေ့မှာ ပေါ်ပေါက်ခဲ့ပါတယ်။

ရခိုင်ဒေသမှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ ဘာသာရေးပြဿနာကို အခြေခံထားတာ မဟုတ်ဘူးလို့လည်း ဆန္ဒပြသူတွေက ဆိုကြပါတယ်။

"နိုင်ငံတကာမီဒီယာတွေကိုလည်း ဘာသာရေး အရေးအခင်းပုံစံမျိုးနဲ့ လုံးဝ လုံးဝ မသုံးဖို့ ရှောင်ရှားပေးဖို့ တောင်းဆိုပါတယ်။ နိုင်ငံတကာကနေပြီး ဗြိတိသျှ အသိုင်းအ၀ိုင်းကို ပြောချင်တာက မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လေးစား လိုက်နာပေးပါ။ မထိခိုက်ပါနဲ့'' လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုဟေမာန်ဦးက ပြောပါတယ်။

ကိုဟေမာန်ဦးက လန်ဒန်အခြေစိုက် အဖွဲ့အစည်းတခုဖြစ်တဲ့ Burma Campaign UK ရဲ့ လှုပ်ရှားမှုတချို့ကိုလည်း ဝေဖန်လိုက်ပါတယ်။

"Burma Campaign UK က နေပြီးတော့ ရိုဟင်ဂျာကိစ္စကို ၀ါဒဖြန့်နေတာကို ကျွန်တော်တို့ ရှုံ့ချပါတယ်။ သူတို့ရဲ့ လွှမ်းမိုးမှုအများကြီးပါတယ် လို့ သံသယ ဖြစ်တယ်" လို့ သူက ဆိုပါတယ်။

''မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ ပတ်သက်ပြီးတော့ လေးစားမှု ရှိစေချင်တယ်။ ငြိမ်းချမ်းရေးကို လိုလားလို့ လုပ်ကြတယ် ကိုယ့်ဆန္ဒ ကိုယ်ထုတ်ဖော်တာပါ။ ဘယ်သူ့ လွှမ်းမိုးမှုမှ မရှိဘူး'' လို့ သူက ဆက်ပြောပါတယ်။

ဆန္ဒပြသူတဦးဖြစ်တဲ့ ကိုချမ်းသာကျော်ကလည်း ပြည်ပကနေ အင်တာနက်သုံးပြီး သတင်းမှား ဖြန့်ဝေမှုတွေရှိတာ တွေ့ရတယ်၊ ဒါတွေကို ကန့်ကွက်တယ်လို့ ဆိုပါတယ်။

"Email တွေ ၀င်တယ်။ ရိုဟင်ဂျာတွေက ဘယ်လိုခံစားနေရတယ်၊ ဘယ်သူတွေက သတ်နေတယ် ဆိုတာတွေကို သတင်းအမှားတွေ အဓိကဖြန့်နေတာ'' လို့ ကိုချမ်းသာကျော်က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ဘယ်အဖွဲ့ကိုမှ ကိုယ်စားပြုကြတာမဟုတ်ဘဲ ရည်ရွယ်ချက်တူ၊ ခံစားချက်တူသူများ စုစည်း လုပ်ဆောင်တဲ့သဘောဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ဒေသ အပြစ်မဲ့ပြည်သူများ အန္တရာယ်ကျရောက်နေမှုကို တားဆီးလိုခြင်းကြောင့် ဆန္ဒပြကြတာပါလို့ သူတို့က ဆိုပါတယ်။

ရိုဟင်ဂျာများဟာ ပြည်တွင်းလူမျိုးစုများ မဟုတ်တဲ့ အတွက် ပြည်တွင်းကို လာပြီး လွှမ်းမိုးမှာကို လက်မခံကြဖို့ ဆန္ဒပြသူများက တိုက်တွန်းခဲ့ကြပါတယ်။




No comments:

Post a Comment