Pages

Tuesday, June 19, 2012

မြန်မာ့တပ်မတော်သားများ ဓါးပြတိုက်



လားရှိုးအခြေစိုက် စကခ(၁၆)လက်အောက်ခံ၊ ခလရ(၆၈)တပ်ရင်းမှ ဗိုလ်ကျော်ဟိန်း ဦးဆောင်သော တပ်စုမှ တပ်မတော်သား(၆)ဦးသည် လက်နက် (MA သေနတ်)ကိုယ်စီဖြင့် KIA စစ်ယူနီဖေါင်း ၀တ်ဆင်ကာ မူဆယ်မြို့နယ်၊ နမ်ဖတ်ကာကျေးရွာအုပ်စု၊ ဟန်ကိုင်ကျေးရွာနေ ဦးဇေယျာအိမ်သို့ ဇွန်လ(၁)ရက်နေ့ မနက်(၃)နာရီအချိန်တွင် ၀င်ရောက်ကာ ဓါးပြတိုက်ခဲ့ကြောင်း သိရှိရသည်။ ငွေကျပ်(၁၃)သိန်းနှင့် ရွှေလက်စွပ်တကွင်း လုယူခဲ့ပြီး ဦးဇေယျာကိုလည်း “KIA ကွဟေ့” ဟု ဆိုကာ ရိုက်နှိက်ခဲ့ကြောင်း သိရှိရသည်။
အိမ်သားများပြောဆိုချက်အရ၊ ဓါးပြတိုက်သူများအားလုံးသည် ဗမာစကားပြော မြန်မာ့တပ်မတော်သား များ ဖြစ်ကြောင်း၊ ၎င်းတို့ ကိုင်ဆောင်သော သေနတ်များမှာလည်း ဗမာစစ်သားများကိုင်သောသေနတ် ဖြစ်ကြောင်း ပြောဆိုကာ ရဲစခန်းသို့ သွားရောက်အမှုဖွင့်သော်လည်း၊ ရဲစခန်းမှ ယခုအထိနှုတ်ဆိတ်နေ ကြောင်း သိရှိရသည်။

No comments:

Post a Comment