Pages

Thursday, June 21, 2012

မြန်မာ့အထူးတပ်ဖွဲ့ ထိခိုက်ကျဆုံးမှုများပြား



june 20e ၀ိုင်းမော်မြို့နယ်၊ ချီဖွေမြို့သို့ ချီတက်လာသော မြန်မာ့တပ်မတော် စစ်ကြောင်းကို ဇွန်လ(၂၀)ရက်နေ့ မွန်းလွဲ(၃)နာရီခန့်တွင် KIA တပ်ရင်း(၃)တပ်ဖွဲ့က ဆနီခူး၌ မိုင်းဖြင့်တိုက်ခိုက်၊ ဆီးကြိုပစ်ခတ်ခဲ့ရာ၊ မြန်မာ့တပ်မတော်သား အများအပြား သေကြေကျဆုံး ကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းသည် မြစ်ကြီးနားမြို့မှ ညအချိန် အမှောင်ထုကို အကာအကွယ်ယူ၍ ၀ိုင်းမော်မြို့သို့ ၀င်ရောက်ကာ ၎င်းမှတဆင့် ချီဖွေမြို့သို့ စစ်ကြောင်း ချီတက်လာခြင်း ဖြစ်သည်။
တပ်ရင်းပေါင်းစုံမှ အထူးတိုက်ခိုက်စွမ်းရည်ရှိမည့် စစ်သည်များကို ရွေးထုတ်ထားသော အထူးတပ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။ အထူးလျှို့ဝှက်၍ လှုပ်ရှားသောတပ်ဖွဲ့ဖြစ်၍ ဒေသခံများပင် စစ်ကြောင်းဖြတ်သွား သည်ကို မသိရှိရပေ။
ချီဖွေမြို့သို့ ချီတက်နေသော ခလရ(၅၂၁)တပ်ဖွဲ့တို့၏ နောက်မှ တိတ်တဆိတ်လိုက်ပါလာသော စစ်ကြောင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment