Pages

Wednesday, June 13, 2012

မြန်မာနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားများ ထိုင်းစက်ရုံအတွင်း ရန်ပွဲဖြစ်ပွား



ဇွန်လ ၃ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာ ပြည်နယ်အတွင်းရှိSiam International Sea Food  စက်ရုံတွင် အလုပ်သမား အချင်းချင်း စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်း သတင်းရရှိသည်။  ၄င်းစက်ရုံတွင် မြန်မာနှင့် ကမ္ဘောဒီးယား တို့မှ ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၁၅ဝဝ မှ ၂ဝဝဝအထိ အလုပ်လုပ်နေကြ သည်။ နေ့လယ်ခေတ္တ နားချိန်အတွင်း ဖြစ်ပွားခဲ့ကာ နီးရာတုတ်၊ လက်နက်များဖြင့် အချင်းချင်း တိုက်ခိုက်ခဲ့ကြ သည်ဟု ဖော်ပြထားသည်။ ကမ္ဘောဒီးယား အလုပ် သမားတစ်ဦးနှင့် မြန်မာ အလုပ်သမား တစ်ဦးတို့ သဆုံးသွားခဲ့ကြောင်း ပြောပြကြသည်။ ထို့အပြင် ၁၅ ဦး ဒဏ်ရာရခဲ့ကြပြီး ၄င်းထက်ပို၍ သေဆုံးသူ စာရင်းမြင့်တက် လာမည် ဟုခန့်မှန်းထားကြသည်။ အလုပ် သမားအဖွဲ့ကို နှစ်ဖွဲ့သီးသန့်ခွဲခြား ထားကြရပြီး ကမ္ဘောဒီးယားရွှေ့ ပြောင်း အလုပ်သမားများသည် ၄င်း ကုမ္ပဏီပိုင် အခြား စက်ရုံတစ်ရုံသို့ ရွှေ့ပြောင်းခံကြရမည်ဖြစ်သည်။ ထိုအခင်းဖြစ်ပွားရာ စက်ရုံတည်ရှိသည့် ပြည်နယ်ဥပဒေအရာရှိများ၊ အုပ်ချုပ်ရေးမှူးများ၊ ကုမ္ပဏီနှင့် အလုပ်သမား ကိုယ်စားလှယ်များမှာ ရှေ့ဆက်၍ မတော်တဆ ထိခိုက်မှုများ ပို၍ ဖြစ်လာမည်ကို အထူးပင် စိုးရိမ်ပူပန်နေကြသည်။ ကမ္ဘောဒီးယား အလုပ်သမား များအား အခြား စက်ရုံတစ်ခုသို့ ရွှေ့ ပြောင်းပစ်မည် ဟူသောသတင်းကြောင့် ရာချီရှိနေသော အလုပ်သမားများ ကရွှေ့ပြောင်း အလုပ်မလုပ်လိုကြောင်း ငြင်းဆိုနေကြသည်ဟု အလုပ် သမားများ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။ Siam Int’l Food Company စက်ရုံတွင်းရှိ ကမ္ဘောဒီးယားအလုပ်သမား ၈ဝဝ ခန့်ကို ၁ဝ ကီလိုမီတာ မျှဝေးသော အခြား စက်ရုံတစ်ရုံသို့ နောက် ၃ ရက်ခန့်အကြာတွင် ရွှေ့ပြောင်းပစ် မည်ဟု မန်နေဂျာတစ်ဦးက ပြောကြားခဲ့သည်။ လောလောဆယ် SIF တွင် မြန်မာ လုပ်သား ၁ဝဝဝ ခန့်ရှိနေပြီး ကမ္ဘောဒီးယား ၈ဝဝ ထဲမှ ၂ဝဝခန့်မှာ ထိုင်းနိုင်ငံ၏ အခြားနေရာများတွင် ပြောင်းရွှေ့အလုပ်လုပ်ရန်အတွက် ထွက်ပြေး သွားခဲ့ကြ သည်ဟု ပြောကြား ခဲ့ကြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ကမ္ဘောဒီးယားသံရုံးက ၄င်းတို့၏ နိုင်ငံသား အလုပ်သမားများ အတွက် လိုအပ်သော ဆေးဝါးအကူအညီပံ့ ပိုးပေးမှုများနှင့် အသုံးစရိတ်ငွေများ ကိုလာရောက် ထောက်ပံ့ထုတ်ပေး ခဲ့ကြပြီး အချို့မိသားစုဝင်များ အတွက် ကူညီပေးခဲ့ကြသည်။ ထိုင်းရဲတပ်ဖွဲ့ဝင် များက ယခု ကဲ့သို့ ဖြစ်ပွားခဲ့သော လူသတ်မှု အတွက် တရားခံများကို စနစ်တကျ စစ်ဆေးဖော်ထုတ် အရေးယူသွားရန် ကြိုးစားနေကြသည်ဟု ထိုင်းသတင်း မီဒီယာများက ရေးသားဖော် ပြခဲ့ကြသည်။

No comments:

Post a Comment