Pages
(Move to ...)
HOME
SHIGA,NEWS
IT HPAJI,TECHNOLOGY
HTIHPA,FOR READ
SUMLA HKRUNG,VIDEO
HISTORY
MANI HPA,FUNNY
SUMLA,PHOTO
GAMES
▼
Tuesday, May 29, 2012
မန်းကျောက်ဝိုင်းတွင် ဆယ်ဂဏန်းတစ်စများ အ၀ယ်လိုက်နေ
by
Shwe Myitmakha Media Group
on Tuesday, May 29, 2012
မောင်ယဉ်ကျော် မန္တလေး-(မြစ်မခ)
မေ(၂၉)ရက်၊၂၀၁၂ခုနှစ်။
မန္တလေးကျောက်ဝိုင်းအတွင်း ကျောက်စိမ်းဈေးကွက်ငြိမ်နေ၍ ကျောက်ပွဲစားများက ကျပ်သိန်းဆယ်ဂဏန်း ၀န်းကျင်ရှိ အတုံးတစ်စများအား အ၀ယ်လိုက်နေကြောင်း ကျောက်ဝွဲစားများထံက သိရှိရသည်။
တစ်စဈေးကွက်တွင် စိမ်းဝါရောင်နှင့် ညိုစိမ်းစိမ်းအရောင်ထွက်နေသည့် တစ်စများမှာ အမြင့်ဆုံးဈေး ခေါ်ယူ၍ ရကြောင်း၊ ၀ါးစိမ်းရောင်နှင့် ပဲရောင်များမှာမှု တန်ဖိုးနည်းပါးကြောင်းကိုလည်း သိရှိရသည်။
တစ်စဈေးမှာ အနိမ့်ဆုံးဈေးကျပ် ငါးသိန်းဝန်းကျင်မှ အမြင့်ဆုံးသိန်းရာ ကျော်သည်အထိ ရှိကြောင်း ကိုလည်း သိရသည်။
'အရောင်းဝယ် ငြိမ်နေတဲ့အချိန်ဆိုတော့ ပွဲစားတွေအ၀ယ်လိုက်နေတာက တစ်စ။ ခဲက သိပ်အရောင်း ၀ယ်မဖြစ်ဘူး။ သိန်းတစ်ရာ ရင်းပြီးဝယ်ရင် သိန်းတစ်ထောင်ချီ မြတ်ချင်လည်း မြတ်မယ်။ အကုန်ရှုံးချင် လည်းရှုံးသွားနိုင်တယ် အဲလိုဆိုတော့ ပွဲစားတွေ နဲ့ကုန်သည်တွေ တစ်စဘက်ကို အားသာနေကြတယ်။ တစ်စက မြင်ရုံနဲ့ဈေးမှန်းလို့ရတယ်၊ မှက်ကောင်းရင် ကောင်းသလောက် အရောင်ထွက်ပြီး ဈေးပိုရ တယ်' ဟု မန်းကျောက်ကုန်သည် ဦးသီဟထွန်းက ပြောသည်။
ကျောက်ဈေးကွက်ငြိမ်သည့်အချိန်တွင် တစ်စများအား မန်းကျောက်ကုန်သည်များနှင့် တရုတ်ကုန် သည်များက အ၀ယ်လိုက် လျက်ရှိကြောင်းကိုလည်း သိရသည်။
မန္တလေးကျောက်ဝိုင်းအတွင်း၌ ကျောက်အရောင်းအ၀ယ်ပါးသည့်အချိန်တွင် ကျောက်ပွဲစားများ အနေ ဖြင့် ကျောက်ရိုင်းတုံး၏ တုံးတစ်စများအား အရောင်းအ၀ယ် ပြုလုပ်လေ့ရှိကြောင်း၊ အဆိုပါ တုံးတစ်စ များ၏ အရှုံးအမြတ်မှာ ဦးနှောက်ဥာဏ်သာမက ကံတရားနှင့်ဆိုင်ကြောင်းကိုလည်း ကျောက်ပွဲစားတို့ က ဆိုသည်။
'အတစ်စမှာတော့ လက်တလောတော့သိန်းဆယ်ဂဏန်းတွေမှာပဲ အရောင်းဝယ်အဖြစ်များနေတယ်' ဟု ကျောက်ပွဲစား ကိုအောင်အောင်က ပြောသည်။
လက်ရှိအချိန်တွင် မန်းကျောက်ဝိုင်းဈေးကွက်ငြိမ်နေသော်လည်း အထည်လိုင်းကောင်းသောကြောင့် ပန်းတိမ်သမားများ အလုပ်ဖြစ်နေကြောင်းကိုလည်းလည်းသိရသည်။
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment