မေလ(၁၅)ရက်နေ့ ဆွမ်ပရာဘွမ်မြို့နယ် အင်ရှီးယန်နှင့် ဆင်းဂတ်ယန် ဒေသတွင် ခလရ(၁၃၈)တပ်ဖွဲ့ နှင့် KIA တပ်ရင်း(၇)တို့ တိုက်ပွဲဖြစ်ပွါးရာ အစိုးရစစ်သား(၁၀)ဦးခန့် ထိခိုက်ဒါဏ်ရာရရှိကြောင်း သိရှိရသည်။ ခလရ(၁၃၈)တပ်ဖွဲ့များသည် မေလ(၅)ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့ရှိ KIO ဆက်ဆံရေး ရုံးကို ဗုံးခွဲ၊ မီးရှို့ဖျက်ဆီးခဲ့သေးသည်။
ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်အတွင်း နမ်ဆမ်ကျေးရွာအနီးတ၀ိုက် ခလရ(၁၇)မှ တပ်ဖွဲ့နှင့် KIA တို့အကြား မေလ(၁၅)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွါးခဲ့ရာ အစိုးရစစ်သား(၄)ဦး ကျဆုံးပြီး (၇)ဦးဒါဏ်ရာရရှိ သွားသည်။
ရှေ့တန်းရောက်နေသော မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အချို့သည် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်နေရသောကြောင့် စိတ်ပမ်း၊ လူပမ်းဖြစ်ကာ အချို့မှာ အစာရိက္ခာ ပြတ်လပ်၍ သေဆုံးသွားသူများလည်း ရှိကြောင်း၊ နိုင်ငံသားအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုကို ငြီးငွေ့လာပြီဖြစ်၍ အထက်အမိန့်ကို ဖီဆန်လာသည့်ရဲဘော် များပြားလာကြောင်း၊ တပ်ပြေးများ၏ ပြောဆိုချက်အရ သိရသည်။
No comments:
Post a Comment