Pages

Wednesday, May 30, 2012

မြန်မာ့တပ်မတော်သားများ စာသင်ကျောင်းတွင် တပ်စွဲထား



မကြာမီစတင်တော့မည့် ၂၀၁၂-၂၀၁၃ ခု ပညာသင်နှစ်အတွက် ပြင်ဆင်မှုများပြုလုပ်ရာတွင် ကချင် ဒေသရှိ အချို့ကျေးရွာမှ စာသင်ကျောင်းများအတွက် အနှောင့်အယှက်များ ဖြစ်နေကြောင်း သတင်းရရှိ သည်။
မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းကြောင်းပေါ်ရှိ တယန်ဇွပ်ကျေးရွာ  မူလတန်းကျောင်းဆောင်တွင် ခလရ(၁၃၈)တပ်ဖွဲ့ဝင်များ စခန်းချနေကြသဖြင့် ကျောင်းသားလက်ခံရန် အခက်အခဲ၊ အနှောင့်အယှက် ဖြစ်နေကြောင်း သိရှိရသည်။ ၎င်းတို့၏ တပ်စခန်းတွင် လုံခြုံမှုမရှိသဖြင့် ဒေသခံရွာသားများ၏ နေအိမ်ကြားရှိ ကျောင်းဆောင်၌ နေရာယူထားခြင်းဖြစ်သည်။
ကျောင်းသားမိဘတစ်ဦး ပြောဆိုရာတွင် “ကျောင်းဖွင့်တော့မှာမို့ စာသင်ခန်းပြင်ဆင်ဘို့ရယ်၊ ကျောင်းသားလက်ခံဘို့အတွက် သွားပြောပါတယ်။ တပ်စခန်းကို ပြန်သွားကြပါလို့” သို့သော် မေလ(၃၀)ရက်နေ့အထိ ဆက်လက်တပ်ချထားကြောင်း သိရသည်။
မြန်မာ့တပ်မတော်စစ်ကြောင်းများသည် KIA တပ်ဖွဲ့များ၏ ပစ်ခတ်မှုမှ ရှောင်လွှဲနိုင်ရန်အတွက် လူထုနှင့်သိုက်ဆိုင်သော စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေး အဆောက်အဦးများတွင်သာ အဓိက တပ်စခန်းချနေကြသည်။
ယမန်နှစ်တွင် ကချင်ဒေသအနှံ့အပြား၌ ကျေးရွာရှိ စာသင်ကျောင်းအတော်များများသည် စာသင်နှစ် အစပိုင်းမှပင် ကျောင်းပိတ်လိုက်ရပြီး ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသားထောင်ချီ၍ ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားကြသည်။

No comments:

Post a Comment